Tuesday, July 28, 2009

သက်ရောက်မှု

ရေလေးတစက်ဆိုပေမဲ့
စက္ကူပါးလေးတချပ်တော့ နွမ်းလောက်တယ်လေ

ပင်အပ်လေးတချောင်းဆိုပေမဲ့
ပူဖောင်းတလုံးကိုတော့ ဖောက်ခွဲပစ်နိုင်တယ်လေ

သဲလေးတပွင့်ဆိုပေမဲ့
မျက်လုံးတခုလုံးကို ဗြောင်းဆန်အောင်ကလိပစ်နိုင်တယ်လေ

ကျီစယ်မှုလေးဆိုပေမဲ့
ခံနိုင်ရည်မရှိတဲ့သူအတွက်တော့...သေစေနိုင်တဲ့အဖြစ်ပျက်တခုပေါ့

No comments: