Monday, April 20, 2009

အနိုင်နဲ့အရှုံး...အရှုံးနဲ့အနိုင်

အနိုင်ရယ် အရှုံးရယ်ဆိုပြီး ရှိတယ်နော်...ဘယ်လိုသတ်မှတ်ကြလဲတော့မသိဝူး ;-?

ယေဘုယျအားဖြင့်...တူနိုင်ပေမဲ့...တယောက်နဲ့ တယောက်တော့ကွာမယ်ထင်တယ်...
တချို့တွေကလေ...အရမ်းနိုင်ချင်ကြတယ်...ဘယ်အရာမှာမဆိုပေါ့လေ
ရှုံးမှာတအားကြောက်ကြတယ်...အဓိကကတော့...မာနပေါ့...
တကယ်တော့အမြဲနိုင်နေတာလည်းမကောင်းပါဝူး...ဘ၀ရဲ့ အရသာမပြည့်စုံတော့ဝူးလေ (သြဲအမြင်ပါ)

အရှုံးဆိုတာလည်း တကယ်တော့ မကောင်းတာချည်းပဲမဟုတ်ပါဝူး
တခါတလေ အရှုံးကနေရတဲ့သင်ခန်းစာကြောင့် ပိုအောင်မြင်သွားတတ်တာတွေလည်းရှိပါတယ်

သြဲလေ ခဏခဏစိတ်ညစ်ဖူးတယ်...စိတ်ဓါတ်ကျဖူးတယ်...
ဒါမဲ့ သြဲကိုချစ်တဲ့သူတွေရဲ့အားပေးမှုကြောင့် စိတ်ညစ်ပြေခဲ့တယ်
တနေ့ထက်တနေ့လည်း ပိုရင့်ကျက်လာသလို ခံစားမိတယ်...(စိတ်နည်းနည်းကောက်မိတာကလွဲလို့ :P )

ပြောချင်တာက စိတ်ညစ်နေ စိတ်ဓါတ်ကျနေတဲ့သူတွေကို...ကိုယ့်ကိုယ်ကိုယ်အရှုံးသမားဆိုပြီးစိတ်မညစ်စေချင်တာပါ

နိုင်တဲ့သူတိုင်းလည်း...အပြည့်အ၀မပျော်ကြပါဝူး...ဘာလို့လဲဆိုတော့...ဘယ်တော့ပြန်ရှုံးမလဲ...
နိုင်ထားတယ်ဆိုတဲ့ဂုဏ်ကို ဘယ်လို ဆက်ထိန်းထားရမလဲဆိုပြီး...အတွေးတွေနဲ့ပင်ပန်းနေတတ်ပါတယ်...

တကယ်တော့ "စိတ်ထောင်းကိုယ်ကြေ" ဆိုတဲ့စကားလို...စိတ်ညစ်တာတွေကို တွေးမိရင်းနဲ့
ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး ပိုပိုဆိုးလာဖို့ပဲရှိတယ်
စိတ်လေလာမယ်...
လုပ်ချင်တာတွေလျှောက်လုပ်မိပြီး ပျက်စီးလာမယ်...

အဲ့ဒီတော့...အရှုံးကို ကြုံရင် စိတ်မညစ်ပဲ...အရှုံးထဲက အမြတ်ထွက်အောင်...
ဒီလိုနောက်တခါမရှုံးစေဖို့ ဘာသင်ခန်းစာယူရမလဲဆိုတာ ရအောင်ရှာပါ
ဘာမဆိုမျှတွေးတတ်အောင် ကျင့်ပါ...သူများကိုလည်း မနာလိုမဖြစ်မိစေနဲ့ပေါ့...
သူ့မှာလည်း...ပျော်စရာချည်းပဲရှိနေမှာမှ မဟုတ်တာဆိုတာကို တွေးတတ်ရင်
ကိုယ်လည်းစိတ်ပင်ပန်းသက်သာတာပေါ့...


အရှုံးဟူသည် ပြီးဆုံးခြင်းမဟုတ်! မနိုင်ခင်တွေ့ကြုံရသော အခြေအနေတခုသာဖြစ်၏! ;)


ဒီ post လေးဖတ်ပြီး...စိတ်ညစ်ပြေကြပါစေ :D (သြဲက အမြဲစိတ်ညစ်စရာတွေပဲရေးရေးနေတတ်တော့...
လာဖတ်တဲ့သူတွေကို အားနာလာလို့ပါ... )

Wednesday, April 8, 2009

သြဲဘ၀=သုည

အမေ...အဖေ...
သမီးအသက်၁နှစ်ကြီးသွားပြန်ပြီ...ပုံစံကတော့သိပ်မပြောင်းသေးသလိုပဲ
အခုတလောအရမ်းအားငယ်နေတယ်ဗျာ :( အဖေတို့ကိုလည်းဖွင့်မပြောရက်ဘူး
ဘာပြောရမှန်းလည်းမသိအောင်ကိုပါပဲ
ပတ်ဝန်းကျင်က ညစ်ပတ်လွန်းတယ်...ကိုယ်ကိုယ်တိုင်လည်းသန့်စင်လွန်းနေတာမဟုတ်ပါဘူး
ဒါပေမဲ့ မခံနိုင်တော့ဘူး...ခံနိုင်ရည်မရှိတော့ဘူး...
စိတ်တွေလေနေတယ်...ဖြေရှင်းဖို့နေနေသာသာ ဘာလို့လဲဆိုတာသေချာမသိဝူး
မြန်မာပြည်ကိုပြန်ချင်တယ်ဗျာ...
ဘ၀လေးကသာယာနေတာ...ဒီရောက်မှ :( အဖြစ်ပျက်တွေက စုံလင်စွာအကျည်းတန်နေတယ်
ဒီရောက်ရင် ကောင်းစားမယ်ဆို ??? မထင်ဘူး...မထင်ပါဘူး...
ဘာလုပ်ရမလဲ...ရင်တွေပူနေတယ်...မောနေတယ်...အားမရှိဘူး...
ခေါင်းတွေရှုပ်နေတယ်...ငိုချင်နေတယ်...ပျော်လို့မရဘူး...
သေချင်တော့တာပဲ...အကောင်းဆုံးနည်းလမ်းမဟုတ်ပေမဲ့...ပင်ပန်းလွန်းလို့ပါ