Sunday, December 28, 2008

"Fugitive"

ကဲ...ဒီ၁ခါစိတ်ညစ်တာသိပ်မပါတဲ့ဟာရေးမယ်နော် :P
ပြီးခဲ့တဲ့ sunday ကပေါ့...နေ့လည်အိပ်ရင်လည်းဝလာမှာဆိုးလို့
ညနေအထိ chat ရင်းနဲ့တင်းခံနေတာ...ည၉နာရီလောက်ကျတော့မရတော့ဘူး (:|
အဲ့ဒါနဲ့ပဲ TV ရှေ့အိပ်ပျော်သွားလိုက်တာ...နိုးလာတော့...၁၁နာရီကျော်ပြီ...
အဖေကြည့်နေတဲ့ ဘာမှန်းမသိတဲ့ရုပ်ရှင်ကိုအိပ်ချင်မူးတူးနဲ့လိုက်ကြည့်နေတာ...
၁၂နာရီထိုးတော့ ရုပ်ရှင်အသစ်စတယ်...နာမည်က "Fugitive"
ကြာပြီဆိုပေမဲ့...သြဲမကြည့်ဖူးဝူး...အဖေကကောင်းတယ်တဲ့...
အဖေကောင်းတယ်လို့ပြောရင်...သြဲကြိုက်တာများတယ်ဆိုတော့...
လှဲနေရာကနေထတောင်ထိုင်လိုက်သေးတယ်...
မင်းသားကလည်း harrison ford ဆိုတော့ ;) သူကသရုပ်ဆောင်ကောင်းတယ်လေ :D
အားရပါးရစိတ်ဝင်တစားကြည့်မယ်ပေါ့ :kwikwi: အိပ်ရေးကလည်းဝနေပြီဆိုတော့...

ရုပ်ရှင်ကတော့ မိန်းမအသတ်ခံရတဲ့ခွဲစိတ်ဆရာဝန်၁ယောက်က...အစွပ်စွဲခံရလို့
ထွက်ပြေးရင်း...၀ရမ်းပြေးဖြစ်သွားတဲ့အကြောင်းပါ...
မှုခင်းဆန်ဆန် action ကားဆိုတော့...သြဲအကြိုက်ပေါ့...စိတ်ဝင်စားစရာမကောင်းတဲ့အခန်း
လုံးဝမရှိသလောက်ကိုမရှိတာ...
ရုပ်ရှင်ပြီးတော့...မနက်၃နာရီ :P ဒါတောင်မအိပ်ချင်သေးဝူး...အဖေနဲ့မုန့်ထိုင်စားလိုက်သေးတယ်
၁ခါမှအဲ့လောက်ထိမနေဖူးဝူး...မနက်လည်းကျရော...၉နာရီမှာအတင်းနှိုးလို့
ထရတာ...မျက်စိတွေကိုစပ်လို့
anyway,that's not my point :D ချော်ကုန်ပြီ
အဲ့ရုပ်ရှင်ကြည့်နေကထဲက...blog မှာပြန်ရေးမယ်ဆိုပြီး...စိတ်ကူးနေတာ...ခုမှပဲရေးဖြစ်တယ်...
ရုပ်ရှင်ကကြည့်လို့ကောင်းတဲ့အပြင်...(သြဲအတွက်တော့)သင်ခန်းစာတွေများကြီးရလိုက်တယ်...

*မင်းသားက သူ့မိန်းမကိုအရမ်းချစ်ပေမဲ့...ဆုံးရှုံးလိုက်ရတဲ့အပြင်
သူ့ကိုပါတရားခံလို့စွပ်စွဲခံရတယ်...ဒီ့ထက်ဆိုးတဲ့အဖြစ်ဘယ်ရှိပါဦးမလဲနော်
ဒါမဲ့...သူစိတ်ဓါတ်မကျခဲ့ဝူး...သူ့ရဲ့အသိပညာတွေ...ဖြတ်ထိုးဥာဏ်တွေကို
လိုအပ်သလိုအသုံးချပြီး...လူသတ်သမားအစစ်ကိုဖော်ထုတ်ခဲ့တယ်...

*၀ရမ်းပြေးဆိုတော့ရုပ်ဖျက်ထားရပေမဲ့...ခွဲစိတ်ဆရာဝန်၁ယောက်အနေနဲ့
သူ့ရုပ်ဇာတိအမှန်ပေၞမှာကိုမစိုးရိမ်ပဲ...ကယ်လို့ရတဲ့သူတွေကိုကယ်ခဲ့တယ်...

*သူ့မှာအရမ်းရင်းနှီးတဲ့သူငယ်ချင်းခွဲစိတ်ဆရာဝန်နောက်၁ယောက်လည်းရှိသေး
တယ်...
စစချင်းတော့...အဲ့လူကသူ့ကိုတော်တော်ကာကွယ်ပေးတယ်ပေါ့လေ
တော်တော်ကောင်းတဲ့သူငယ်ချင်းပဲပေါ့<<<အဲ့လိုထင်နေတာ...သြဲက
နောက်တော့မှသိလိုက်ရတာ...လူသတ်သမားနဲ့သူကသိနေပြီးတော့...
မင်းသားကိုတရားခံဖြစ်အောင်လုပ်တာ...သူဖြစ်နေတယ်...
တကယ်တော့...အရမ်းခင်တဲ့သူငယ်ချင်းအချင်းချင်းဒီလိုမလုပ်သင့်ပါဝူး :(
ပြီးတော့...သူကိုယ်တိုင်ကဆရာဝန်...
"ဆရာဝန်ဆိုတာ...လူတွေရဲ့အသက်ကိုကယ်ဖို့ဖြစ်ရမှာ..."

အဲ့ကားကိုကြည့်ပြီးတော့...
ဘယ်လိုအခက်ခဲကြုံကြုံစိတ်ဓါတ်မကျပဲ...ကိုယ့်ရည်မှန်းချက်ပြည့်အောင်
ကြိုးစားဖို့ရယ်
ကိုယ်တတ်ထားတဲ့ပညာနဲ့...ကိုယ်နိုင်သလောက်လူတွေကိုကူညီဖို့ရယ်
{အခင်ဆုံး/အချစ်ဆုံးသူငယ်ချင်းဖြစ်နေပါစေ}ဘယ်သူ့ကိုမှလွယ်လွယ်နဲ့မယုံဖို့ရယ်
သြဲကတော့အဲ့လိုတွေးမိတယ်...ကိုယ့်လက်ရှိအခြေနေနဲ့တူနေလို့လားတော့မသိဝူး :)

P.S. ဒီ post အရှည်ဆုံးပဲ...ရေးထားသမျှထဲမှာ :kwikwi:




Wednesday, December 24, 2008

My bad day!



today, TODAY is my BAD DAY!!!
whewwwww...
i hate winter...i officially hate it...i really really x100000
hate it.
The reason i hate winter is the white thingy, called "SNOW".
it was xo xo xo xo busy at work and i was exhausted enough...
GRRRRRR!!!
my energy was almost gone...but still i had to walk to
the bus stop,which doesnt have seat and roof... :(
and the path was covered with snow which is accumulated
as hills...
himm...so...i walked to other bus stop,where i could see pathway,
but still covered with snow and waited in the blowing snow for the
bus for over 20 minutes...
during that time, i called home to talk to my mom...
i thought that can make my waiting time went fast...
but unfortunately, nobody's @ home... :'(
felt like i'm a lost child
my fingers,my cheek,my feet...were terribly numb.
Finally, the bus arrived...yes! yes! yes!
on the way back home...walking...i was thinking that "now i'm almost where i want to be...almost there...
if i gave up...i wont be there EVER EVER EVER..."

so,I decided that i'll never give up on any situation...even though
that situation makes me think i have no hope...
i think that thought is only one GOOD THING i received today among xoo xoo many BAD THINGS!

P.S. that may not make sense for others,but that's how i understand my life... :)
feel free to leave comments, ppl :D

Thursday, December 18, 2008

abt a gal

ငါသိပ်ချစ်တဲ့ကောင်မလေး...
နင်အရမ်းပြောင်းလဲသွားပီနော်...
ငါမျက်ရည်ကျရတဲ့အထိ...နင့်ပြောင်းလဲခြင်းကြီးကခါးတယ်ဟာ
ငါပျော်နေရမဲ့အချိန်မှာ...နင့်ဥပေက္ခာတွေကြောင့်ငါမပြုံးနိုင်ဝူး :(
ငါ...ဘယ်အရာနဲ့မှ နင့်ကိုမချည်နှောင်တော့ပါဝူးဟာ...
ချည်နှောင်ခွင့်လည်းမရှိပါဝူး...
နင်မကြိုက်တာတွေ...ငါအများကြီးပြင်ခဲ့တယ်...နင်သိမှာပါ
ဒါမဲ့ အခုအချိန်မှာ...နင့်အတွက်ဒါတွေကအရေးမကြီးတော့ပါဝူး
စိတ်အရမ်းကောက်တတ်တဲ့ကောင်မလေး...လုံးဝပြောင်းလဲသွားတာ
နင့်ကြောင့်...နင်၁ယောက်ထဲကြောင့်ပါ...
နင်ဒေါသထွက်မှာစိုးရိမ်တဲ့စိတ်၁ခုထဲနဲ့...ငါ့ကိုယ်ငါ...
သဘာဝလိုဖြစ်နေတဲ့ငါ့အကျင့်တွေကိုငါ...ပြင်ခဲ့တာဟ
ဘယ်လိုအချစ်မျိုးပဲဖြစ်ဖြစ်...မျှော်လင့်ချက်ထားမိရင်...
ကိုယ်ပဲခံစားရမယ်ဆိုတာလည်း ငါသိပါတယ်
ဒါမဲ့ဟာ...
နင့်ဆီက ကောင်းတဲ့တုံ့ပြန်မှုကိုမမျှော်လင့်မိရင်တောင်
ဆိုးရွားတဲ့တုံ့ပြန်မှုတွေကိုတော့...ငါမလိုချင်ဝူး

ဘာပဲဖြစ်ဖြစ်...နင်ပျော်ရွှင်ပါစေ

Sunday, December 7, 2008

nthg spexial

ငါစိတ်ညစ်လာပြန်ပြီဟာ...
စိတ်ညစ်မှပဲ ငါလည်းရောက်ဖြစ်တယ်...
ပြဿနာတွေ...ငါမရှာဘူးနော်...မရှာပါဘူး...တကယ်
ပြဿနာတွေက ငါ့ကိုလာလာရှာကြတယ်...
ကြောက်တောင်ကြောက်လာပြီ...အသက်ရှင်ရမှာကြီးကို
လူတွေကိုငါခင်တတ်ပါတယ်...အကြာကြီးလည်းစိတ်မဆိုးတတ်ဝူး
အဲ့ဒါကို ဘာဖစ်နေကြတာလဲမသိဘူး...
သိပ်ကိုအနိုင်ကျင့်လွန်းနေကြသလိုပဲ :-<
အရမ်းဝမ်းနည်းတယ်...စိတ်မကောင်းဘူး...
ငါ့ကိုယ်ငါလည်းအရမ်းသနားတယ်...
ဘာလို့လဲဆိုတော့...ငါဘယ်လိုခံစားနေရတယ်ဆိုတာ
ငါကလွဲလို့ သိတဲ့သူမရှိလို့ :(
ငါ့နားမှာ ဘယ်သူမှမရှိဝူးဆိုတာသိပါတယ်...
ဒါမဲ့ ငါမျှော်လင့်မိနေတယ်...ငါအားငယ်နေတဲ့အချိန်မှာပေါ့
သူငယ်ချင်းဖြစ်ဖြစ် ၁ယောက်လောက်အနားမှာရှိနေပေးရင်ကောင်းမယ်လို့
၁ချိန်ထဲမှာပဲ ဘယ်သူကိုမှအားမကိုးပဲနေတတ်အောင်လည်းငါကြိုးစားနေပါတယ်...

P.S. ဒီ blog က...သြဲရင်ဖွင့်ဖို့သက်သက်နေရာလိုဖြစ်နေတဲ့အတွက်
အလည်လာတဲ့သူတွေကို တောင်းပန်ပါတယ်...

Tuesday, December 2, 2008

သြဲကမ္ဘာ

ဘာမဆို ရင်ဘတ်စစ်စစ်နဲ့...အတွင်းနစ်နစ်
ခံစားတတ်တဲ့ငါ့အတွက်တော့...
မာယာများတဲ့ လောကကြီးက...နာကျင်စရာတွေချည်းပါလား

ရက်စက်တယ် <<< အဲ့လိုပြောရမှာလား
စော်ကားတယ် <<< ဒီလိုလား
မတရားဘူး <<< ဒါမျိုးလား
မသိတော့ပါဘူး :-<

သေချာတာကတော့ ငါရှုံးနေပြီ...ပက်ပက်စက်စက်
အပြတ်အသတ်ကို ရှုံးနေပြီ...
သီချင်းရှိတယ်...စာသားက
"ဒဏ်ရာတွေများများများများလွန်းတော့...
မနာကျင်တော့သူ" တဲ့...ငါကျတော့ နာနေတုန်းပဲ... ???
စူးနစ်နေအောင်ကိုနာတာ...
final နီးမှပဲ...ဘာလို့ဒီလောက်စိတ်ညစ်စရာတွေစုပြုံနေတာလဲမသိဝူး

ဟူး!

သက်ပြင်းနဲ့အတူမှုတ်ထုတ်လိုက်တဲ့လေထဲမှာ...
စိတ်ညစ်စရာတွေပါသွားရင်ကောင်းမယ်
ပူဆွေးမှုနဲ့အတူကျလာတဲ့မျက်ရည်တွေထဲမှာ...
နာကျင်စရာတွေပါသွားရင်ကောင်းမယ်
နာကျည်းမှုနဲ့အတူဖောက်ထုတ်ပစ်လိုက်တဲ့သွေးတွေထဲမှာ...
ရင်နာစရာတွေပါသွားရင်ကောင်းမယ်

ကဲပါလေ...ဘာပဲဖြစ်ဖြစ်...အဖေနဲ့အမေ့အတွက်...ငါရှင်သန်နေရဦးမှာပါပဲ...
ဆုတောင်းတိုင်းလည်းဘယ်တော့မှမပြည့်တတ်တော့...ဘာလုပ်ရမှန်းမသိဝူး...
၁ခုလောက်တော့ ပြည့်မယ်ဆိုရင်တောင်းချင်တယ်...
တောင်းနေကျပေမဲ့...မပြည့်ဖူးတဲ့ဆုလေးပေါ့ :)
လူတွေ...ငါ့ကိုနားလည်နိုင်ကြပါစေလို့... :)

နည်းနည်းတော့သက်သာသွားတယ်...အခန်းလေးရယ်...
သြဲပြောချင်တာတွေကို...နားထောင်ပေးလို့ကျေးဇူး