Tuesday, December 2, 2008

သြဲကမ္ဘာ

ဘာမဆို ရင်ဘတ်စစ်စစ်နဲ့...အတွင်းနစ်နစ်
ခံစားတတ်တဲ့ငါ့အတွက်တော့...
မာယာများတဲ့ လောကကြီးက...နာကျင်စရာတွေချည်းပါလား

ရက်စက်တယ် <<< အဲ့လိုပြောရမှာလား
စော်ကားတယ် <<< ဒီလိုလား
မတရားဘူး <<< ဒါမျိုးလား
မသိတော့ပါဘူး :-<

သေချာတာကတော့ ငါရှုံးနေပြီ...ပက်ပက်စက်စက်
အပြတ်အသတ်ကို ရှုံးနေပြီ...
သီချင်းရှိတယ်...စာသားက
"ဒဏ်ရာတွေများများများများလွန်းတော့...
မနာကျင်တော့သူ" တဲ့...ငါကျတော့ နာနေတုန်းပဲ... ???
စူးနစ်နေအောင်ကိုနာတာ...
final နီးမှပဲ...ဘာလို့ဒီလောက်စိတ်ညစ်စရာတွေစုပြုံနေတာလဲမသိဝူး

ဟူး!

သက်ပြင်းနဲ့အတူမှုတ်ထုတ်လိုက်တဲ့လေထဲမှာ...
စိတ်ညစ်စရာတွေပါသွားရင်ကောင်းမယ်
ပူဆွေးမှုနဲ့အတူကျလာတဲ့မျက်ရည်တွေထဲမှာ...
နာကျင်စရာတွေပါသွားရင်ကောင်းမယ်
နာကျည်းမှုနဲ့အတူဖောက်ထုတ်ပစ်လိုက်တဲ့သွေးတွေထဲမှာ...
ရင်နာစရာတွေပါသွားရင်ကောင်းမယ်

ကဲပါလေ...ဘာပဲဖြစ်ဖြစ်...အဖေနဲ့အမေ့အတွက်...ငါရှင်သန်နေရဦးမှာပါပဲ...
ဆုတောင်းတိုင်းလည်းဘယ်တော့မှမပြည့်တတ်တော့...ဘာလုပ်ရမှန်းမသိဝူး...
၁ခုလောက်တော့ ပြည့်မယ်ဆိုရင်တောင်းချင်တယ်...
တောင်းနေကျပေမဲ့...မပြည့်ဖူးတဲ့ဆုလေးပေါ့ :)
လူတွေ...ငါ့ကိုနားလည်နိုင်ကြပါစေလို့... :)

နည်းနည်းတော့သက်သာသွားတယ်...အခန်းလေးရယ်...
သြဲပြောချင်တာတွေကို...နားထောင်ပေးလို့ကျေးဇူး

No comments: