Saturday, November 29, 2008

အချစ်နှင့်လေးရာသီ

နွေဦး...
ငါနဲ့နင်ပျော်မြူး
မချစ်စဖူးအချစ်ထူးလို့
စိတ်ကူးတွေယဉ်ခဲ့ကြတယ်...

နွေ...
ပြောင်းလဲလာတဲ့အခြေအနေ
အပေအတေဆန်တဲ့နှလုံးသားနဲ့
တွေဝေလာခဲ့ကြတယ်...

ဆောင်းဦး...
အမုန်းတွေကြားမှာလွန့်လူး
နင့်ဥပေက္ခာတွေနဲ့
အရူး၁ပိုင်းဖြစ်ခဲ့ရတယ်...

ဆောင်း...
ငါနဲ့နင်ပြန်ဆုံချိန်နှောင်း
အတိတ်တွေဟောင်းလို့
ကံကောင်းခြင်းမှဝေးခဲ့ရတယ်...

1 comment:

broken-hearted-girl said...

အဆက်ဟောင်းကို သတိရတယ် =((
:feelsad:

:kwikwi: စတာ . မိုက်တယ် မီးကီး :-*