Thursday, November 27, 2008

နင်နဲ့ငါ

...ခြောက်ကပ်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး စိုပြေစေခဲ့တယ်...
ခုချိန်မှာတော့...ရွှဲစိုနေခဲ့ပြီ...ငါ့မျက်လုံးတွေပေါ့

...အေးစက်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နွေးထွေးစေခဲ့တယ်...
ခုချိန်မှာတော့...ပူလောင်နေခဲ့ပြီ...ငါ့ရင်တွေပေါ့

...ကြမ်းတမ်းတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နူးညံ့စေခဲ့တယ်...
ခုချိန်မှာတော့...အထိမခံနိုင်လောက်အောင်ဖြစ်နေခဲ့ပြီ...ငါ့စိတ်ဓါတ်တွေပေါ့

...ငါ့မျက်ရည်တွေခြောက်သွေ့ဖို့
...ငါ့ရင်တွေအေးမြဖို့
...ငါ့စိတ်ဓါတ်တွေခိုင်မာဖို့
နင်ရောက်လာပါဦးလား....

ဒီနေ့ချရေးဖစ်တဲ့ ကဗျာလေး၁ပုဒ်ပေါ့...
သြဲရင်ဖွင့်နေကျ အခန်းလေးရေ...သြဲကိုနားလည်ပါဦး...
နှစ်သိမ့်ပေးပါဦး...အားပေးပါဦးနော်... :'(

3 comments:

မိုးသောက်ယံ said...

ငါ့ညီမလေးက ဘယ်ဆိုးလို့တုန်း ဒါမျိုးလဲ ရတာပဲလား .. ကောင်းပါ့ .. ပထမဆုံး ကဗျာလေး ထင်ပါ့ .. ဆက်ရေးနော် .. ကိုယ့်ကိုယ်နားလည်မဲ့သူ .. စာနာနိုင်မဲ့ သူဆိုတာ ရောက်လာရမှာပေါ့ကွယ် .. တချိန်ချိန်ပေါ့ .. အင်းး .. တချိန်ချိန်ပေါ့ ..

Talky Boy said...

:O သရဲ နင့်ကဗျာက ပထမဆုံး ရေးတာသာ ဆိုတယ် အရမ်းမိုက်နေပါလား :O

မထင်ရဘူး ကဝေ ပြောပြောနေတဲ့ ဒီဝက်ပုတ်လေး ဒီလောက် ကောင်းတဲ့ ကဗျာ စပ်နိုင်လိမ့်မယ်လို့ :hide;

အရာအားလုံး အဆင်ပြေပါစေဗျာ :pray:

နောက်ကဗျာလေးတွေကို စောင့်မျှော်နေတယ်နော် :-L:

p.s. ၀က်ပုတ် ဆိုတာ ငါခေါ်တာ မဟုတ်ဘူးနော် :zip:

†သြဲ† said...

သြဲကဗျာလေးကို တကူးတကလာဖတ်ပြီး comment လာရေးပေးတဲ့ ko zeth နဲ့ သူငယ်ချင်းအစုတ်ပလုတ်လေးတီကောင် ကိုကျေးဇူး :)
ပထမဆုံးကဗျာတော့မဟုတ်ပါဝူး...
အရင်ကကဗျာတိုလေး ၃...၄ပုဒ်ရေးဖူးတယ်...
ဒါမဲ့တိုလွန်းလို့ကဗျာတောင်ခေၞလို့ရပမလားတောင်မသိဝူး :D