Saturday, November 29, 2008

ချစ်ခြင်း၏အခြားမဲ့၌

မင်းကအပြီးသတ်ချင်ပေမယ့်
ငါကခရီးဆက်ချင်သေးတယ်...
မင်းကမုန်းဇာတ်လိုချင်ပေမယ့်
ငါကပြုံးလျက်ငိုနေတယ်...
မင်းကမလွမ်းရတော့ပေမဲ့
ငါကတမ်းတဆဲပါ...
မင်းကဖယ်ခွာလိုပေမဲ့
ငါကတွယ်တာချင်သေးတယ်...
************************
ခါးတယ်...ငါကြိတ်မှိတ်မျိုလိုက်မယ်
ညာတယ်...ငါကြိတ်မှိတ်ယုံလိုက်မယ်
ကျီစားတယ်...ငါကြိတ်မှိတ်ခံလိုက်မယ်
နောက်ဆုံးမှာ...
ထားသွားတယ်...ငါကြိတ်မှိတ်ပြီးတိတ်တိတ်ငိုနေတယ်...

1 comment:

broken-hearted-girl said...

ဒါကြိုက်တယ် :sad;