Monday, March 23, 2009

လစ်ဟာခြင်း

၂နှစ်ပြည့်ပြီနော်...
အဖြစ်ပျက်တွေက ဘာမှသိပ်မကြာသလိုပါပဲ...
ဒါမဲ့ ဘယ်လိုမှမေ့မရတဲ့ အရာတွေပေါ့...
သမီးတို့ထားခဲ့တာမဟုတ်ပါဘူး...သမီးတို့ပြန်လာမှာပေါ့...
ဘာလို့မစောင့်တော့တာလဲ...ဘာလို့လဲ :(

မြန်မာပြည်ပြန်လာရင်...အဘိုးကိုအိမ်ထဲမှာမြင်ချင်တာ...
အသက်ရှင်တဲ့သူတွေနေတဲ့အိမ်မှာ...သမီးတို့အတူတူနေခဲ့တဲ့အိမ်မှာမြင်ချင်တာ
အဘိုးအရပ်နဲ့အတိဆောက်ထားတဲ့အိမ်ထဲမှာ မြင်ချင်တာမဟုတ်ဘူး :(

လွန်ခဲ့တဲ့၂နှစ်ကပေါ့...ဖုန်းတခုဝင်လာတယ်...
အဖေ့မျက်ရည်တွေဝဲနေတယ်...အမေလည်းငိုနေတယ်...
အဲ့နေ့ကြီးကိုမုန်းလိုက်တာ...

ဒီကောင်မလေးမွေးလို့တဲ့...ချောင်းခဏခဏဆိုးလို့တဲ့
သူသိပ်ကြိုက်တဲ့ဆေးလိပ်ကို မရရအောင်ဖြတ်ခဲ့တယ်...
နိုင်ငံခြားသွားလည်တော့လည်း...ဒီကောင်မလေးကိုမခွဲနိုင်လို့တဲ့
မြန်မာပြည်ကိုချက်ချင်းပြန်လာတယ်...
ခုကျတော့...ခွဲနိုင်ပြီပေါ့နော် ???
တသက်လုံးထားခဲ့ပြီပေါ့...

တကယ်တော့ အဖေဒီကိုလာခဲ့တာ...သမီးပညာရေးကြောင့်
သူ့ခမျာ...မိဘ၂ပါးလုံးနဲ့ခွဲခဲ့ရတယ်...
သမီးကိုယ့်ကိုယ်ကိုယ်မုန်းတယ် :'( ပယောဂမကင်းသလိုကြီး
အဖေတို့က အပြစ်မတင်ပေမဲ့...ကိုယ့်ကိုယ်ကိုယ်မလုံဘူး
ဆုံးရှုံးလိုက်ရတာက နည်းတာမှမဟုတ်တာ :-<
လွမ်းတယ်...သတိရတယ်...ဒါမဲ့...အဖေတို့ကိုပြလို့မဖြစ်ဘူး...
ဒီခံစားချက်တွေ...
လစ်ဟာနေတဲ့ သမီးရင်ဘတ်ထဲကို...လာကြည့်လှည့်ပါ
pa pa i love u :(

Thursday, March 19, 2009

တန်ဖိုး

ဆုတောင်းပြည့်ချင်တဲ့သူတွေက
ကြယ်ကြွေမှာကိုမျှော်လင့်တကြီးစောင့်တတ်ကြပေမဲ့
ကြယ်လေးဘယ်ကိုကြွေလဲ ဘာဖြစ်သွားလဲဆိုတာကိုတော့
ဂရုစိုက်ကြ...စိတ်ဝင်စားကြမယ်မထင်ပါဘူး :nope:

လျှပ်စစ်မီးမရှိတဲ့ ညတွေမှာ
လမင်းလေးကို တမ်းတတတ်ကြပေမဲ့
လမင်းလေးသာနေတာကို ကြည့်ဖို့တော့
လျှပ်စစ်မီးကို စွန့်ပစ်ကြမယ်မထင်ပါဘူး :nope:

တပ်မက်စရာကောင်းတယ်လို့ထင်ရတဲ့ကြွေရုပ်လေးကို
အလုအယက်လိုချင်တတ်ကြပေမဲ့
ကွဲရှကျေပျက်နေချိန်မှာတော့...
တန်ဖိုးထားကြတော့မယ်မထင်ပါဘူး :nope:

Tuesday, March 10, 2009

ငါ မဟုတ်တဲ့ငါ

လျှို့ဝှက်တတ်တယ်...ငယ်ငယ်ထဲကအကျင့်
ခဏခဏမှားတတ်တယ်...ဘယ်လိုလုပ်ရမလဲ???
လူတွေကိုမယုံတတ်ဝူး...ယုံလိုက်ရင်လည်းလုံးဝပဲ
မှားလား????
ရုန်းထွက်ချင်တယ်...ဒီအရာအားလုံးကနေ
ဖြစ်နိုင်ရင် အားလုံးရဲ့အဝေးမှာပဲ နေတတ်အောင်နေချင်တယ်...
ဒါမဲ့ ဖြစ်မလာ!
ငါ့လောက် အဖော်မက်တဲ့ငါ... :-<
၁ခါတလေတော့လည်း လူတွေက သိပ်မတရားသလိုပဲ...
တခါတလေကျပြန်တော့...ငါ့ကိုယ်ငါလည်းသိပ်နားမလည် :(
ရှုပ်လိုက်တဲ့ဘ၀ရယ်...
ကိုယ့်ကိုယ်ကိုယ်လိမ်နေရတာလောက် ပင်ပန်းတာမရှိဝူးနော်...
ခက်တယ်... "ငါ" ဆိုတာကြီးကို မုန်းနေပါပြီဟာ...