Monday, March 23, 2009

လစ်ဟာခြင်း

၂နှစ်ပြည့်ပြီနော်...
အဖြစ်ပျက်တွေက ဘာမှသိပ်မကြာသလိုပါပဲ...
ဒါမဲ့ ဘယ်လိုမှမေ့မရတဲ့ အရာတွေပေါ့...
သမီးတို့ထားခဲ့တာမဟုတ်ပါဘူး...သမီးတို့ပြန်လာမှာပေါ့...
ဘာလို့မစောင့်တော့တာလဲ...ဘာလို့လဲ :(

မြန်မာပြည်ပြန်လာရင်...အဘိုးကိုအိမ်ထဲမှာမြင်ချင်တာ...
အသက်ရှင်တဲ့သူတွေနေတဲ့အိမ်မှာ...သမီးတို့အတူတူနေခဲ့တဲ့အိမ်မှာမြင်ချင်တာ
အဘိုးအရပ်နဲ့အတိဆောက်ထားတဲ့အိမ်ထဲမှာ မြင်ချင်တာမဟုတ်ဘူး :(

လွန်ခဲ့တဲ့၂နှစ်ကပေါ့...ဖုန်းတခုဝင်လာတယ်...
အဖေ့မျက်ရည်တွေဝဲနေတယ်...အမေလည်းငိုနေတယ်...
အဲ့နေ့ကြီးကိုမုန်းလိုက်တာ...

ဒီကောင်မလေးမွေးလို့တဲ့...ချောင်းခဏခဏဆိုးလို့တဲ့
သူသိပ်ကြိုက်တဲ့ဆေးလိပ်ကို မရရအောင်ဖြတ်ခဲ့တယ်...
နိုင်ငံခြားသွားလည်တော့လည်း...ဒီကောင်မလေးကိုမခွဲနိုင်လို့တဲ့
မြန်မာပြည်ကိုချက်ချင်းပြန်လာတယ်...
ခုကျတော့...ခွဲနိုင်ပြီပေါ့နော် ???
တသက်လုံးထားခဲ့ပြီပေါ့...

တကယ်တော့ အဖေဒီကိုလာခဲ့တာ...သမီးပညာရေးကြောင့်
သူ့ခမျာ...မိဘ၂ပါးလုံးနဲ့ခွဲခဲ့ရတယ်...
သမီးကိုယ့်ကိုယ်ကိုယ်မုန်းတယ် :'( ပယောဂမကင်းသလိုကြီး
အဖေတို့က အပြစ်မတင်ပေမဲ့...ကိုယ့်ကိုယ်ကိုယ်မလုံဘူး
ဆုံးရှုံးလိုက်ရတာက နည်းတာမှမဟုတ်တာ :-<
လွမ်းတယ်...သတိရတယ်...ဒါမဲ့...အဖေတို့ကိုပြလို့မဖြစ်ဘူး...
ဒီခံစားချက်တွေ...
လစ်ဟာနေတဲ့ သမီးရင်ဘတ်ထဲကို...လာကြည့်လှည့်ပါ
pa pa i love u :(

1 comment:

kawaii_dim said...

သူမထားသွားပါဘူး နင့်ကို ချစ်လွန်းလို့ ကောင်းကင်ဘုံရဲ့ တစ်နေရာမှာ နင်တို့တွေနဲ့ ဆုံဆည်းဖို့ စောင့်နေတာပါ။ နင် အခုပြောတဲ့ အသက်ရှင်တဲ့သူတွေ နေတဲ့အိမ်ဆိုတာ တကယ်တော့ မတည်မြဲတဲ့ အသက်ပါ။ သူနင့်ကို စောင့်နေတဲ့ အိမ်မှာ နေတဲ့သူတွေကမှ တကယ့် အသက်။ နင်ရော နင့်ပတ်ဝန်းကျင်က လူတွေရော တစ်ချိန်မှာ လူတိုင်းသွားရမှာ အဲ့အချိန်ကျရင် အမြဲတမ်း နေသွားရမှာ။ သူအခု ထွက်သွားတာက နင်တို့ ငါတို့ သွားရင် နေစရာရှိအောင် အိမ်သွားဆောက်ပေးနေတာပါ။ သူ့ကို မှန်မှန်စကားပြောပြီး လိုချင်တဲ့ အိမ်ခန်းပုံစံကို ပြောနော်။ အိမ်ခန်းကို ဘာအရောင်သုတ်မလဲ ဘယ်လို ပစ္စည်းတွေ ရှိစေချင်လဲဆိုတာပါ ပြောဖို့ မမေ့နဲ့ဦး :-* I love you.