Thursday, March 19, 2009

တန်ဖိုး

ဆုတောင်းပြည့်ချင်တဲ့သူတွေက
ကြယ်ကြွေမှာကိုမျှော်လင့်တကြီးစောင့်တတ်ကြပေမဲ့
ကြယ်လေးဘယ်ကိုကြွေလဲ ဘာဖြစ်သွားလဲဆိုတာကိုတော့
ဂရုစိုက်ကြ...စိတ်ဝင်စားကြမယ်မထင်ပါဘူး :nope:

လျှပ်စစ်မီးမရှိတဲ့ ညတွေမှာ
လမင်းလေးကို တမ်းတတတ်ကြပေမဲ့
လမင်းလေးသာနေတာကို ကြည့်ဖို့တော့
လျှပ်စစ်မီးကို စွန့်ပစ်ကြမယ်မထင်ပါဘူး :nope:

တပ်မက်စရာကောင်းတယ်လို့ထင်ရတဲ့ကြွေရုပ်လေးကို
အလုအယက်လိုချင်တတ်ကြပေမဲ့
ကွဲရှကျေပျက်နေချိန်မှာတော့...
တန်ဖိုးထားကြတော့မယ်မထင်ပါဘူး :nope:

2 comments:

kawaii_dim said...

Love Love Love Love Love Love it! ငါဒါမျိုး သူများတွေ မစဉ်းစားတဲ့တစ်ဖက်ကို ခံစားပေးတာမျိုး တအားကြိုက်တယ် အခု နင်ရေးထားသလိုပဲ ကြယ်ကြွေတာကို ဆုတောင်းပြည့်တယ်ဆိုပီး စောင့်နေပေမယ့် တကယ်တမ်းတော့ ကြယ်လေးတစ်စင်း သေဆုံးသွားတာကို စောင့်နေသလိုဖြစ်နေတယ် လူတွေက လျစ်လျူရှုထားကြတယ် အားးးးးးးးးးးးးးးးးးးး တအားကြိုက်တယ် m so glad that u composed this.

†သြဲ† said...

thk u thk u thk u :jitz: ငါ့post လေးလာဖတ်ပေးတဲ့အတွက်ရော...comment ပေးပေးတဲ့အတွက်ရော 8->
ငါရေးထားတာလေး နင်ကြိုက်တယ်ဆိုလို့ပျော်လိုက်တာ :nge