Thursday, July 30, 2009

What a day!

whewww!
I think today is my unluckiest day...
even from the early beginning, I got some problems x-(
Don't know why some people are xoo xoo obnoxious that they
destroyed my morning
I felt upset about that and got to go to work
and problems didn't stop...guess every problem has companions,huh =D

The store was xoo damn busy and the pharmacist went outside
for a while...
at the same time, my colleague was doing the sales at the
outside which left me alone.
The phone was ringing & the customer came and
the order arrived...ahhhhhhhhhh
I felt nervous and didn't know what to do...but finally,
I could manage all of that...
xoo...it was a good thing, only good thing, among bad things :D

After that, the list of the order disappeared...I was so nervous
that I even wanted to cry.
My dad arrived to pick me up from work and I still
couldn't go because I lost those papers...
then my colleague found them...because she was the one who
accidentally covered them with the box...whuu! what a relief!
I was xoo xoo tired not physically but felt like something
sucked inside of my chest :(

Then, I drove home with my dad...and I was not expert yet :D
but I hate being overtaken...today, 2 cars overtook me x-(

Anyway, now I think I feel better

This blog is like a wide room to release all
my feelings and stress...ha ha

Tuesday, July 28, 2009

သက်ရောက်မှု

ရေလေးတစက်ဆိုပေမဲ့
စက္ကူပါးလေးတချပ်တော့ နွမ်းလောက်တယ်လေ

ပင်အပ်လေးတချောင်းဆိုပေမဲ့
ပူဖောင်းတလုံးကိုတော့ ဖောက်ခွဲပစ်နိုင်တယ်လေ

သဲလေးတပွင့်ဆိုပေမဲ့
မျက်လုံးတခုလုံးကို ဗြောင်းဆန်အောင်ကလိပစ်နိုင်တယ်လေ

ကျီစယ်မှုလေးဆိုပေမဲ့
ခံနိုင်ရည်မရှိတဲ့သူအတွက်တော့...သေစေနိုင်တဲ့အဖြစ်ပျက်တခုပေါ့

ရင်ခုန်သံ စာသားများ

~~~ဝေးသွားပြီးမှ ကြံဖန်အပြစ်ဖွဲ့...မပြောသင့်တော့တဲ့အခြေနေများနဲ့
ရှုံး ရှုံးသင့်လို့ပဲ ကိုယ်မှတ်သားမယ်~~~

~~~ပြန်တွေ့ဖို့ရာ ငါလေအခုထိမျှော်လင့်ဆဲ...အချစ်များရဲ့ဒဏ်ရာတွေသာ ငါ့အတွက်ကျန်ရစ်ခဲ့
ငါစောင့်နေတဲ့ ဒီလမ်းလေးမှာ...အလွမ်းတွေရယ်ရစ်ဝိုင်း...ဒီလမ်းမှာ မြူတွေဆိုင်းနေချိန်တိုင်း~~~

~~~တိမ်တွေပေၞရောက်အောင်...ခေၞသွားပြီးမှအချစ်
...တွန်းချရင်သေပြီ~~~နှုတ်ဆက်စကားလေးပြောပြီး...ခွဲသွားရင်ကြွေပြီ~~~

~~~ပူလောင်စွာအရောင်သွေးများစွာအလယ်...မင်းရဲ့အလှက အေးနေတယ်...
အယောင်ဆောင်မှုများကင်းတဲ့ ချစ်သူမင်းအလှလေး...ကိုယ့်အတွက်ဆန်းကြယ်နေ~~~
ထာဝစဉ်တည်ငြိမ်တဲ့ ကြင်နာမှုများ ပေးဆပ်ရင်း အသက်နဲ့အမျှချစ်နေမယ်~~~
အရာရာဆိုတာ မင်းပဲဖြစ်လိမ့်မယ်~~~

~~~ခဏတော့ခွဲနေမယ်...ရေရှည်နီးစပ်ဖို့အတွက်ပဲလေ~~~
ဒီမှာအလွမ်းများကို ငါမုန်းတီး...မြတ်နိုးလို့မျက်လုံးမှိတ်ပြီး
ငါဆုတောင်းရင်း မင်းအနား အပြေးလေးလာခဲ့မယ်~~~

Sunday, July 26, 2009

မိုးနှင့်ကျွန်ုပ်

နေ့လည်ထမင်းစားပြီးတော့...ဗိုက်လည်းတင်း...
ဟင်းကလည်းဆီပြန်ဆိုတော့ ချက်ချင်းကိုငိုက်လာတယ်
မအိပ်ဖြစ်အောင်တင်းနေသေးတယ်...မရဘူး
နေကလည်းပူတော့...ရုပ်ရှင်လည်းကြည့်ရင်း မှေးကနဲပဲ
နိုးလာတော့ ပတ်ဝန်းကျင်တခုလုံးမှောင်မည်းနေတာပဲ...

မိုးရွာတော့မယ်ပေါ့လေ...ပျော်လိုက်တာတကယ်

သြဲကလေ...မှောင်နေရင်အရမ်းကြိုက်တာ (နာမည်ကလည်းသရဲဆိုတော့ ဟီး)
တကယ်...တကယ်...အလင်းရောင်ကိုမုန်းသလားမမေးနဲ့
မိုးရွာတာကိုလည်းအရမ်းကြိုက်တယ်...
အထူးသဖြင့်မိုးစက်လေးတွေ အမိုးပေၞကျတဲ့ အသံလေး ဘယ်လိုကြိုက်မှန်းမသိဘူး

ဒါပေမဲ့ အိမ်မှာနေတဲ့အချိန်မိုးရွာရင်သာကြိုက်တာ...
အပြင်သွားတဲ့အချိန်ရွာရင်တော့ လုံးဝမုန်းတယ်...စိုစိစိုစိနဲ့...

ကဲ...ဆက်ပြောမယ်နော်
စောင့်နေရတာကြာကြာလှပြီ...ကိုရွှေမိုးက ခြိမ်းလိုက်ညိုလိုက်မဲလိုက်နဲ့...နေပဲပြန်ပြန်ပူလာတယ်
ဒီနေ့တော့ တကယ်ရွာတော့မယ်ပေါ့...အဲ့ဒါနဲ့အိပ်ရာက ထပြီး...နောက်ဖေးဘက်ကိုကြည့်လိုက်တော့ ရွာနေပြီ
ဒါပေမဲ့ ဖွဲဖွဲလေးရယ်...ဒီလောက်မဲထားပြီး ဖွဲရုံပဲဖွဲတာလားလို့ စိတ်ညစ်သွားတယ်...

နောက်တော့မှ တဖြည်းဖြည်းသည်းလာတယ်...
အဲ့မိုးသံလေးကိုချစ်လိုက်တာ...တကယ်တော့မိုးကိုစောင့်တာအဲ့ဒါကြောင့်အဓိက :D
အထူးသဖြင့် ညဘက်အိပ်ရာဝင်တဲ့အချိန် ရွာရင်အရမ်းကိုကြိုက်တယ်...တမျိုးလေးပဲ
ဒီမှာတော့ မိုးစက်လေးတွေ သွပ်ပြားပေၞကျတဲ့အသံမကြားရပါဝူး :'(

နောက်ပြီးတော့လေ...မိုးရွာတာကိုမြင်နေရင် (တယောက်ထဲရှိနေတဲ့အချိန်ပေါ့လေ)
ဆွေးသလိုလို လွမ်းသလိုလိုဖြစ်လာတတ်တယ် သြဲက...ပျော်နေရင်းကနေ ငိုချင်လာသလိုလိုတမျိုးပဲ
ဒါပေမဲ့ အဲ့လိုဖြစ်တာလေးကိုလည်းကြိုက်တယ် :P

ငယ်ငယ်ထဲက မိုးရေထဲမဆော့ဖူးဝူး...သူများတွေဆော့နေလည်း ထွက်မဆော့ချင်မိဖူးဝူး...

ဒီအရွယ်ရောက်မှ...စိတ်ညစ်စရာရှိလာတဲ့အခါ...မိုးရေထဲတကိုယ်ထဲဦးတည့်ရာမဲ့သွားနေချင်မိတယ်...
မိုးရဲ့အကာအကွယ်နဲ့...မျက်ရည်တွေကိုလည်း လူတွေမမြင်နိုင်တော့ဝူးပေါ့ :)

ဘာပဲဖြစ်ဖြစ် မိုးကိုချစ်ပါတယ်

Sunday, July 12, 2009

အပြစ်ရောင်

မဖွင့်ထားပေမဲ့
သေချာပိတ်မထားတော့
လေပြည်အဝှေ့မှာ ပွင့်ခဲ့တဲ့တံခါး
အိမ်ရဲ့နွေးထွေးမှု ပျောက်ဆုံးစေခဲ့တယ်

မရွေ့လျားချင်ပေမဲ့
တည်ငြိမ်မှု လျော့ပါးခဲ့လို့
လေပြည်စေရာ လွင့်ခဲ့တဲ့တိမ်တိုက်
မျှော်ကြည့်နေသူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့တယ်

မကြွေချင်ပေမဲ့
နူးညံ့လွန်းပြန်တော့
လေပြည်နှင်တိုင်း ယိုင်ခဲ့တဲ့ပန်း
ဥယျာဉ်မှူးရဲ့ အဝေးမှာ မြေခခဲ့တယ်...

Saturday, July 11, 2009

ဆန္ဒ

ဘ၀တစ်ကွေ့
အချိုးအဆစ် အဆိုးအပြစ်တွေ များလွန်းတာမို့

မမြင်အပ်တဲ့ အရာကို မမြင်သော
မျက်လုံးပိုင်ရှင် ဖြစ်စေ...

မကြားအပ်တဲ့ အရာကို မကြားသော
နားပိုင်ရှင် ဖြစ်စေ...

ဖြစ်ရပ်တိုင်းမှာ စိတ်မထိရစေဖို့
ထုံနေသော နှလုံးသားပိုင်ရှင်ဖြစ်စေသား။ ။