Sunday, July 26, 2009

မိုးနှင့်ကျွန်ုပ်

နေ့လည်ထမင်းစားပြီးတော့...ဗိုက်လည်းတင်း...
ဟင်းကလည်းဆီပြန်ဆိုတော့ ချက်ချင်းကိုငိုက်လာတယ်
မအိပ်ဖြစ်အောင်တင်းနေသေးတယ်...မရဘူး
နေကလည်းပူတော့...ရုပ်ရှင်လည်းကြည့်ရင်း မှေးကနဲပဲ
နိုးလာတော့ ပတ်ဝန်းကျင်တခုလုံးမှောင်မည်းနေတာပဲ...

မိုးရွာတော့မယ်ပေါ့လေ...ပျော်လိုက်တာတကယ်

သြဲကလေ...မှောင်နေရင်အရမ်းကြိုက်တာ (နာမည်ကလည်းသရဲဆိုတော့ ဟီး)
တကယ်...တကယ်...အလင်းရောင်ကိုမုန်းသလားမမေးနဲ့
မိုးရွာတာကိုလည်းအရမ်းကြိုက်တယ်...
အထူးသဖြင့်မိုးစက်လေးတွေ အမိုးပေၞကျတဲ့ အသံလေး ဘယ်လိုကြိုက်မှန်းမသိဘူး

ဒါပေမဲ့ အိမ်မှာနေတဲ့အချိန်မိုးရွာရင်သာကြိုက်တာ...
အပြင်သွားတဲ့အချိန်ရွာရင်တော့ လုံးဝမုန်းတယ်...စိုစိစိုစိနဲ့...

ကဲ...ဆက်ပြောမယ်နော်
စောင့်နေရတာကြာကြာလှပြီ...ကိုရွှေမိုးက ခြိမ်းလိုက်ညိုလိုက်မဲလိုက်နဲ့...နေပဲပြန်ပြန်ပူလာတယ်
ဒီနေ့တော့ တကယ်ရွာတော့မယ်ပေါ့...အဲ့ဒါနဲ့အိပ်ရာက ထပြီး...နောက်ဖေးဘက်ကိုကြည့်လိုက်တော့ ရွာနေပြီ
ဒါပေမဲ့ ဖွဲဖွဲလေးရယ်...ဒီလောက်မဲထားပြီး ဖွဲရုံပဲဖွဲတာလားလို့ စိတ်ညစ်သွားတယ်...

နောက်တော့မှ တဖြည်းဖြည်းသည်းလာတယ်...
အဲ့မိုးသံလေးကိုချစ်လိုက်တာ...တကယ်တော့မိုးကိုစောင့်တာအဲ့ဒါကြောင့်အဓိက :D
အထူးသဖြင့် ညဘက်အိပ်ရာဝင်တဲ့အချိန် ရွာရင်အရမ်းကိုကြိုက်တယ်...တမျိုးလေးပဲ
ဒီမှာတော့ မိုးစက်လေးတွေ သွပ်ပြားပေၞကျတဲ့အသံမကြားရပါဝူး :'(

နောက်ပြီးတော့လေ...မိုးရွာတာကိုမြင်နေရင် (တယောက်ထဲရှိနေတဲ့အချိန်ပေါ့လေ)
ဆွေးသလိုလို လွမ်းသလိုလိုဖြစ်လာတတ်တယ် သြဲက...ပျော်နေရင်းကနေ ငိုချင်လာသလိုလိုတမျိုးပဲ
ဒါပေမဲ့ အဲ့လိုဖြစ်တာလေးကိုလည်းကြိုက်တယ် :P

ငယ်ငယ်ထဲက မိုးရေထဲမဆော့ဖူးဝူး...သူများတွေဆော့နေလည်း ထွက်မဆော့ချင်မိဖူးဝူး...

ဒီအရွယ်ရောက်မှ...စိတ်ညစ်စရာရှိလာတဲ့အခါ...မိုးရေထဲတကိုယ်ထဲဦးတည့်ရာမဲ့သွားနေချင်မိတယ်...
မိုးရဲ့အကာအကွယ်နဲ့...မျက်ရည်တွေကိုလည်း လူတွေမမြင်နိုင်တော့ဝူးပေါ့ :)

ဘာပဲဖြစ်ဖြစ် မိုးကိုချစ်ပါတယ်

1 comment:

Anonymous said...

ူသူရေးထားတာ ဖတ်ပြီးတော့ မိုးကို သတိရလာတယ်။ :crying: ငါလည်း ညဘက် အိပ်နေတုန်း မိုးစက်တွေ ခေါင်မိုးပေၞ ကျတဲ့အသံကို သဘောကျတယ်။ မြန်မာပြည် ပြန်ချင်လာပြီ။