Saturday, July 11, 2009

ဆန္ဒ

ဘ၀တစ်ကွေ့
အချိုးအဆစ် အဆိုးအပြစ်တွေ များလွန်းတာမို့

မမြင်အပ်တဲ့ အရာကို မမြင်သော
မျက်လုံးပိုင်ရှင် ဖြစ်စေ...

မကြားအပ်တဲ့ အရာကို မကြားသော
နားပိုင်ရှင် ဖြစ်စေ...

ဖြစ်ရပ်တိုင်းမှာ စိတ်မထိရစေဖို့
ထုံနေသော နှလုံးသားပိုင်ရှင်ဖြစ်စေသား။ ။

No comments: