Friday, August 7, 2009

ကျွန်ုပ်နှင့်ကားနှစ်စင်း

highwayလမ်းမကြီးပေၞမှာ ကားတစင်းကိုမောင်းလာတယ်...အရှိန်ခပ်ပြင်းပြင်းနဲ့ပေါ့
ဘေးမှာလည်းကားတွေအများကြီးပဲ...ကျော်တက်သွားလိုက် ကိုယ်ကပြန်ကျော်လိုက်နဲ့ပေါ့လေ

ဒါပေမဲ့ မျက်စိထဲမှာတော့ အရှေ့က ကားတစင်းကိုပဲ အာရုံပြုထားတယ်...
သူအရှိန်မြှင့်ရင် လိုက်မြှင့်မိတယ်...သူ့ကိုမီအောင်လို့ မျက်စိထဲကပျောက်သွားမှာစိုးတဲ့အတွက်ပေါ့
တချိန်ထဲမှာပဲ အနောက်မှာလည်း ကားတစင်းက ထပ်ကြပ်မကွာရှိနေတယ်
ဒါကိုတော့သတိမထားမိပါဘူး...
ဘာလို့လဲဆိုတော့ သူကအနောက်မှာရှိနေတယ်ဆိုပေမဲ့ နောက်ကြည့်မှန်ကလည်းမမြင်ရ၀ူးလေ
သိပ်နီးကပ်လွန်းနေတော့ blind spot ထဲကိုရောက်နေတာကိုး

နောက်လှည့်ကြည့်တော့မှပဲ မြင်လိုက်တယ်...

............သြော်!........... လို့

ရှေ့ကိုပြန်ကြည့်လိုက်တော့ ခုဏက ကားပျောက်သွားပြီ...

သွားပါစေလေ...သူသွားမယ့် ခရီးနဲ့ ကိုယ်သွားမယ့်ခရီးမတူလို့
လမ်းကြောင်းပြောင်းသွားတာနေမှာပေါ့

No comments: