Wednesday, December 16, 2009

ဒိုင်မဲ့ကစားပွဲ

"တောက်!"
အဖြူရောင်ဖွေးဆွတ်နေတဲ့ ဂါဝန်ဖြူလှလှလေးတစုံကိုဝတ်ဆင်ထားတဲ့ ကောင်မလေးတယောက်ရဲ့ မျက်ဝန်းကအရည်ကြည်လေးတပေါက် သူမရှေ့က စားပွဲပေၞကျလာတဲ့အသံလေး...

"ဒီနေ့ မင်္ဂလာဆောင်ရတော့မယ်" ဟု တွေးနေမိတဲ့ သူမစိတ်က လေးပင်စွာထုံထိုင်းနေသည်။

တကယ်တော့ သတို့သားဖြစ်သူက သူမရဲ့နှလုံးသားကိုစိုးမိုးထားသူ
သူမ ပျော်နေသင့်တယ်...ဒါပေမဲ့ တကယ်တမ်းကျတော့....
... .... ...

မိုးတွေအုံ့နေတယ်
မိုးရွာရင်လွမ်းတတ်ဆွေးတတ်တဲ့ သူမတစ်ယောက် ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေမိတယ်။
အဖေနဲ့အမေကလည်း သူ့အလုပ်နဲ့သူ...အိမ်မှာတယောက်ထဲအထီးကျန်နေတဲ့သူမ ဂဏာမငြိမ်
"ဘာလုပ်ရင်ကောင်းမလဲ?" ... နောက်တော့ အောက်ထပ်ကိုအပြေးလေးဆင်းလာခဲ့တယ်
ကွန်ပြူတာလေးရှိရာဆီကိုပေါ့
ကွန်ပြူတာကိုဖွင့် မြန်မာမဂ္ဂဇင်းလေးဖတ် သီချင်းလေးနားထောင်ရင်း ဇိမ်ကိုကျနေတာပဲ။
သူ့အတွက်လည်း ဒါပဲရှိတယ်လေ အပျင်းပြေစရာဆိုလို့

ဒီလိုနဲ့ အထီးကျန်တဲ့ သူမနေ့ရက်တွေကို တဖြည်းဖြည်းကုန်ဆုံးစေခဲ့တယ်
ဒါပေမဲ့ သူမစိတ်ထဲမှာ တခုခုလစ်ဟာနေတယ်...
'သူငယ်ချင်း'
ဘယ်မှာလဲ? တယောက်မှမရှိဘူး။
တနေ့ ထုံးစံအတိုင်း Online မှာမဂ္ဂဇင်းဖတ်နေရင်း ဇာတ်လမ်းလေးတပုဒ်သွားတွေ့တယ်။
ကောင်လေးတယောက်နဲ့ကောင်မလေးတယောက် online မှာတွေ့ပြီး ချစ်သူဖြစ်သွားတဲ့အကြောင်း...
သူမတချက်ပြုံးလိုက်တယ် "ဟုတ်ပီ။ မြန်မာ chat room တခုခုရှာရမယ်၊ ဒါဆိုငါသူငယ်ချင်းတွေရမှာပဲ"
သူ့အတွေးနဲ့သူ ပျော်ရွှင်စွာပဲ google လိုက်တယ်။
ဟော! တွေ့ပါပီ၊ ခပ်သွက်သွက်ကလေးပဲ register လုပ်ပြီး chat room ထဲကိုဝင်လိုက်တယ်
သူမ မသိလိုက်တာက ဒီနေရာလေးမှာ သူမရဲ့ဘ၀သစ်တခု စမှန်းမသိပဲစတင်လိုက်ပြီဆိုတာကိုပဲ...

ဒီလိုနဲ့ပဲ မိတ်ဆွေတွေဖွဲ့ သူငယ်ချင်းတွေရနဲ့ မလာရမနေနိုင် နေရာလေးတစ်ခုဖြစ်လာခဲ့တယ်
အဖော်ငတ်တဲ့သူမအတွက်တော့ ကမ္ဘာသစ်လေးဟာ အင်မတန်ကိုသာယာနေတာပေါ့လေ
... ... ...
သူမနဲ့ ပရိတ်သတ်ကိုမိတ်ဆက်ပေးရမယ်ဆိုရင်
သူမနာမည်က ဆူးခရေ...အသက်က ၂၁နှစ်...ဂျစ်ကန်ကန်နဲ့အရွဲ့တိုက်တတ်ခြင်း စတဲ့ပိုင်ဆိုင်မှုများရှိသူ။
အဖော်မက်ခြင်း၊ အချစ်ကြီးခြင်း၊ အငြိုးကြီးခြင်း ဆိုတဲ့ သူမဘ၀ကို တနေ့နေ့ တချိန်ချိန်တွင် ရက်စက်စွာဖျက်စီးပစ်နိုင်သော ဂုဏ်သတ္တိများကိုလည်း ပိုင်ဆိုင်ထားသူတယောက်။
အဖေနဲ့အမေရဲ့ ဂရုစိုက်မှုကိုသာမက ချုပ်ချယ်မှုကိုပါ အပြည့်အ၀ရရှိထားသော တဦးတည်းသောသမီး။
အပြင်လောကနဲ့အစိမ်းသက်သက်နေရသောသူမရဲ့ စရိုက်ကိုပြောပါဆိုလျှင် ကလေးအလွန်ဆန်သည်ဟု ဆိုရပေမည်။
အယုံလွယ်သလို သံသယလည်းများသည်။
ထိုထိုသဘာဝများနှင့် သူမတယောက်အတွက် ကံကြမ္မာကဖန်လာတဲ့ဇာတ်လမ်းလေးကတော့
... ... ...
"ဟေ့ နာမည်ဘယ်လိုခေၞလဲ" chat စာမျက်နှာပေၞတွင်သူမနာမည်နှင့် တက်လာသောစာလေးတကြောင်း
ဘယ်သူလဲကြည့်လိုက်တော့ သူ့nickလေးက "cool" တဲ့
"မမြင်ဘူးလား SKY လို့ရေးထားတယ်လေ" လို့ သူမပြန် type လိုက်တယ်
"ဒါတော့သိတာပေါ့...တကယ့်နာမည်ကိုသိခွင့်ရှိမလားလို့ပါ" cool ရဲ့ reply
"ရှင့်ကိုသိမှမသိတာ...မပြောချင်သေးဘူး" လို့ သူမ ဂျစ်တစ်တစ်ပြန်ဖြေလိုက်တယ်
"ဟုတ်ပါပြီ ဒါဆိုကျွန်တော် SKY နဲ့မိတ်ဆွေဖွဲ့လို့ရမလား"
"ဟုတ်ကဲ့ ရပါတယ်"
chat room ရဲ့ထုံးစံအတိုင်း asl အပြန်လှန်မေးကြဖြေကြရင်း သူနဲ့SKYစကားဆက်ပြောဖြစ်ကြတယ်။
"SKY ကသီချင်းကြိုက်တတ်လား"
"ဟာ အရမ်းကြိုက်တာပေါ့...SKY ရဲ့ဘ၀မှာငယ်ငယ်ထဲက သူတို့ပဲအမြဲအဖော်လုပ်ပေးခဲ့တာ"
ကလေးဆန်တဲ့ပွင့်လင်းမှုမျိုးနဲ့ တုန့်ပြန်လိုက်တယ်။
တကယ်တော့ cool မှာ SKY နဲ့မိတ်ဖွဲ့ရတဲ့အကြောင်းရင်းတစ်ခုရှိနေတာကို SKY မသိခဲ့ပါဘူး။
ရိုးသားစွာပဲပြန်လည်ခင်မင်ခဲ့တယ်။ SKY လာမယ့်အချိန်ဆို ပုံမှန်ရှိနေတတ်ပြီး စကားသိပ်တတ်သလို SKY ကိုအင်မတန်မှ ဂရုစိုက်တတ်တဲ့ cool ကို SKY တယောက်သံယောဇဉ်တွယ်လာခဲ့တယ်
... ... ...

ဒီနေ့ SKY တယောက်ကျောင်းကပြန်လာတာနဲ့ ကွန်ပြူတာဆီအပြေးလာခဲ့တယ်။
ဘာလို့မှန်းမသိဘူး cool ကိုအရမ်းတွေ့ချင်နေတယ် သူမစိတ်ထဲမှာ။
connection ကလည်းဒီနေ့ကျမှ နှေးလွန်းနေသလားထင်ရတယ်။ "ပွင့်ပါတော့ browserကြီးရယ်" ဟု SKYတယောက် စိတ်မရှည်စွာ အကြိမ်ကြိမ်ရေရွတ်နေမိတယ်။
chat room ထဲကိုဝင်ပြီးတာနဲ့ သူမ တွေ့ချင်တဲ့နာမည်လေးကိုရှာမိတယ်။
"သူမရှိပါလား" သက်ပြင်းလေးတချက်နဲ့အတူ သူမ ၀မ်းနည်းသွားတယ်။
radio လေးကိုဖွင့်ပြီး DJ ဆီမှာ သူမ တောင်းဆိုမိတဲ့ သီချင်းလေးက စိုင်းစိုင်းရဲ့ အထီးကျန်။
SKY တယောက် တခြားသူငယ်ချင်းတွေနဲ့လည်း စကားမပြောနိုင်ပဲ cool ဆိုတဲ့ nick လေးကိုပဲထိုင်စောင့်နေမိတယ်။

တနာရီလောက်ကြာပြီးနောက်...
"ဟော" မျက်လုံးအပြူးသားဖြင့် သူမ ပျော်ရွှင်သွားသည်။
သူလာပြီလေ။ ၀မ်းသာအားရကြိုဆိုချင်မိသလို စိတ်ကောက်ချင်စိတ်လည်းပေၞလာသည်။
"ဘာလို့ ခုမှလာတာလဲ"
"sorry ကွာ။ သူငယ်ချင်းတွေလေ။ ခုတောင်မနည်းပြောပြီးပြန်လာတာ။ SKY ကိုတွေ့ချင်လို့"
"SKY...ဖုန်းနံပါတ်ပေးကွာ။ စကားအရမ်းပြောချင်တယ်။ SKY အသံလေးကိုအရမ်းကြားချင်တယ်" တဆက်တည်းမှာပဲ cool ထံပေၞလာသောစာတမ်း။
"ဟုတ်" ဆိုပြီး သူမနံပါတ်လေးကိုချက်ချင်းရေးချပေးလိုက်မိသည်။
SKY တယောက် တခါမှမခံစားဖူးသော ရန်ခုန်မှုများနှင့် ဖုန်းလေးကိုစိုက်ကြည့်ရင်း...
"ဟယ်လို" ring ၁ချက်တောင်မပြည့်ခင် သူမ ကောက်ကိုင်လိုက်သည်။
"ဟယ်လို SKY လား"
"ဟုတ် SKY ပြောနေပါတယ်...cool"
"ကျွန်တော်မှန်းဘယ်လိုသိလဲ"
"သိတာပေါ့ ဒီနံပါတ်ကိုတခြားသူမှ မပေးဖူးတာ"
"သြော် ကျွန်တော်ကံကောင်းတာပေါ့နော်"
SKY တချက်ပြုံးမိသည်။ ဘာမှတော့မတုံ့ပြန်ဖြစ်။
"ဘာတွေလုပ်နေလဲ SKY"
"cool နဲ့ဖုန်းပြောနေတယ်လေ" ရယ်ကျဲကျဲအသံဖြင့် SKY နောက်လိုက်သည်။
"ဟာကွာ ဒါတော့သိတာပေါ့ တခြားဘာလုပ်နေသေးလဲ" စိတ်မဆိုးပေမဲ့ စိတ်မရှည်တဲ့လေသံနဲ့ cool ရဲ့ reply
"cool ကိုစောင့်နေတာပေါ့...တနာရီကျော်သွားပီ...သတိရလွန်းလို့ 'အထီးကျန်' ဆိုတဲ့သီချင်းလေးတောင် တောင်းမိသေးတယ်"
ပြောသင့်မပြောသင့်မှန်းမသိပေမဲ့ စကားကတော့ cool နားထဲရောက်နှင့်နေခဲ့ပြီ။
"သြော်" ဟု အေးစက်စက်ဖြင့်ပြန်ပြောလိုက်သူက cool

"SKY"
"ဟုတ် ပြောပါ"
"SKY ရဲ့နာမည်ရင်းကိုသိလို့ရပြီလားဟင်"
"ဆူးခရေပါ"
"ဟုတ် ခုလိုပြောပြတာ ကျေးဇူးတင်ပါတယ်"
"cool ရဲ့နာမည်လည်းပြောလေ"
"ကျွန်တော့နာမည်လား"
"အင်းလေ ပြောပြ"
"သူရ ပါ"
"နာမည်ရင်းက နှစ်လုံးထဲလား"
"ဟုတ်"
cool နှင့်ပတ်သက်လျှင်ဘာကိုမဆို အကြွင်းမဲ့ယုံမိသော SKY တယောက်ထပ်မမေးတော့ပါ
"မှတ်ထားလိုက်မယ်နော်"
ဒီလိုနှင့် ရောက်တတ်ရာရာပြောရင်း နာရီဝက်ခန့်အကြာ
"တော်ကြာနေ အဖေတို့ပြန်လာတော့မယ်...SKY ဖုန်းချလိုက်တော့မယ်နော်"
"အိုကေလေ...နောက်နေ့အဆင်ပြေရင် ထပ်ပြောကြတာပေါ့...တတ်တာနော် ခ,လေး"
ဆူးခရေ ဟူသောနာမည်မှ ခရေကို ဖြတ်ခေၞလိုက်ခြင်းဖြစ်သည်။ ခရေ၏အဓိပ္ပာယ်ပျောက်သွားသဖြင့် SKY မကြိုက်ပါ။
ဒါပေမဲ့ ခေၞလိုက်သူက cool ဖြစ်နေသည်မို့ "ဟုတ်" တခွန်းသာပြန်ပြော၍ ဖုန်းချလိုက်သည်။
... ... ...
နောက်တနေ့တွင်လည်း SKY နှင့် cool စကားပြောဖြစ်ကြသည်။
cool ၏ဂရုစိုက်မှုများအပေၞသာယာမိသော SKY တယောက် တနေ့တခြား cool ကိုသံယောဇဉ်ပိုလာသည်။
cool ကလည်း SKY ကို ကလေးတယောက်ကဲ့သို့ အလိုလိုက်တတ်သည်။
၁ပတ်လောက်အကြာတွင် cool ပျောက်သွားသည်။ တရက်လည်းမလာ နှစ်ရက်လည်းမလာဖြစ်နေသောကြောင့် သူ့သူငယ်ချင်းများကိုမေးကြည့်သော်လည်း သတင်းအစအနမရ။ SKY တယောက်လွမ်းဆွတ်ခြင်းဝေဒနာကို အပြင်းထန်ခံစားနေရသည်။ "ဘယ်မှာများလဲ coolရယ်" ဟု တဖွဖွရေရွတ်ရင်း သူမ၏ဖုန်းလေးကိုလည်း ခဏခဏစိုက်ကြည့်နေမိသည်။ အဖေတို့ကျွေးတာစား ပေးတာဝတ်နေရသော သူမအဖို့ ဖုန်းခေၞဖို့ကျပြန်တော့လည်း လက်ထဲတွင် ငွေမရှိ။ အရာရာကမွန်းကျပ်လွန်းလှသည်။ 'အထီးကျန်' သီချင်းလေးကိုသာအဖော်လုပ်ပြီး မရေရာသည့်မျှော်လင့်ချက်လေးကို အရောင်သွင်းနေခဲ့မိသည်။

၅ရက်မြောက်နေ့တွင် သူမ၏စိုစွတ်နေသောမျက်ဝန်းများ အရောင်လက်သွားသည်။
ဖုန်းလေးကိုကောက်ကိုင်ရင်း "coolရယ် ဘယ်တွေရောက်နေတာလဲ"
"ကျွန်တော် စာမေးပွဲတွေဖြေနေရလို့ပါ...ခ,လေးကိုအရမ်းသတိရတယ်"
"သြော် ဒါဆိုလည်း နည်းနည်းပါးပါးတော့ကြိုပြောပေါ့" မပိုင်ဆိုင်သည့်အရာတခုအတွက် ပိုင်စိုးပိုင်နင်းမကျေမနပ်ဖြစ်နေသည်။
"ဟုတ်...နောက်ဆိုကြိုပြောမယ်နော်...ကျွန်တော့်ကိုသတိရလားဟင်"
"ရတာပေါ့ တကယ်အရမ်းလွမ်းနေတာ"
နှစ်ယောက်သားဖုန်းပြောနေရာမှ cool တယောက်ငြိမ်သွားပြီး
"ခ,လေး"
"ဟုတ် ပြောလေ cool"
"ကျွန်တော် ခ,လေး ကိုချစ်တယ်"
SKY တယောက်တိတ်ဆိတ်သွားသည်။ ပျော်လည်းပျော်နေသလို ရှက်လည်းအင်မတန်ရှက်နေသည်။
"ခ,လေး စကားပြန်ပြောပါဦး...ကျွန်တော့်ကိုစိတ်ဆိုးသွားပြီလား"
"မဆိုးပါဘူး" မခို့တရို့အသံလေးဖြင့် ပြန်ဖြေသည်။
"ဒါဆို?"
"ချက်ချင်းတော့ မပြောချင်သေးဘူးလေ"
"ဟာဗျာ...ခ,လေးဘက်မှာ ကျွန်တော့်အတွက်အဖြေတခုခုရှိပြီးသားလို့ ကျွန်တော်ခံစားနေရတယ်...ပြောပါဗျာ"
"ဒုက္ခပဲ...ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး"
"ခ,လေး ရင်ထဲရှိတဲ့အတိုင်းပြောလေ...ကျွန်တော်နားထောင်နေတယ်"
"SKY ပြောမထွက်ဘူးဖြစ်နေတယ်...ဒီလိုလုပ်ပါလား chatထဲမှာစာနဲ့ရိုက်ပြမယ်လေ"
cool ဘက်က တုံ့ပြန်သံမကြားရချေ။

"ချစ်တယ်" ဟူသောစာတမ်းလေး cool ၏စာမျက်နှာပေၞတက်သွားသည်။
"ကျွန်တော် ခ,လေး ကိုယ်တိုင်ပြောတာ ကြားချင်တယ်ဗျာ" ဟု ထပ်မံတောင်းဆိုလာသော cool ကို
"ပြောပြီးပြီလေ...အတူတူပဲပေါ့" ဟုတုံ့ပြန်သော်လည်း
"မတူဘူးလေဗျာ...အသံလေးနဲ့ကိုယ်တိုင်ပြောတာကို ကြားချင်တာ" ဟု တောင်းဆိုနေသော cool ကို SKY ငြင်းမရတော့ပေ။
"ချစ်တယ်...cool ကိုချစ်တယ်" ဟု တိုးတိုးလေးဝန်ခံလိုက်သည်။
"ခ,လေး ကအရမ်းချစ်ဖို့ကောင်းတာပဲ သိလား"
"လိုချင်တာ ရသွားလို့မဟုတ်လား"
"မဆိုင်ပါဘူးဗျာ...တကယ်ချစ်ဖို့ကောင်းလို့ ကောင်းတယ်ပြောတာ"
"ထားပါတော့" "စောင့်နေရတာကြာသွားပြီ အဖေတို့လာတော့မယ်...နောက်နေ့မှတွေ့မယ်နော်"
"အင်း...နောက်နေ့ ကို စောစောလာခဲ့မယ်"
"ဟုတ် တတ်တာ" ဟု ဆိုကာဖုန်းချလိုက်သည်။
SKY စိတ်ထဲမှာတော့ " 'ကို' တဲ့လား "...မပြောမဆို သူ့ကိုယ်သူနာမ်စားပြောင်းပစ်လိုက်သည့်အတွက် SKY ကလိကလိဖြစ်သွားသည်။
cool က ဘာကိုမဆို သူ့ဘက်ကအပိုင်သိပ်တွက်လွန်းသည်ဟု သူမ ခံစားရသည်။
သို့သော် ချစ်စိတ်ကကြီးစိုးနေသည့်အတွက် coolအပေၞမကောင်းမြင်၍မရ။ အတွေးစများကို အဆုံးသတ်လိုက်ပြီး ကွန်ပြူတာပိတ်ကာ အပေၞသို့တက်လာခဲ့သည်။

နောက်တနေ့ မနက်ခင်းတခုမှာ ဖုန်းမြည်လာပြီ။
နာရီကိုကြည့်လိုက်တော့ ခါတိုင်းဆက်သည့်အချိန်ထက်စောနေသည်။SKY ရဲ့ ရင်ခုန်သံက ကျားလိုက်ခံရသည့် သမင်တကောင်ပမာ။
"ခ,လေး"
"ရှင်"
"အရမ်းသတိရတယ်ကွာ"
"ဟုတ် အတူတူပါပဲ coolရယ်"
"cool လို့မခေၞပါနဲ့တော့လားကွာ...ချစ်သူတွေဖြစ်သွားပြီပဲ"
"ဒါဆို ဘယ်လိုခေၞရမလဲ"
"ခ,လေး ကြိုက်သလိုခေၞလေ"
"ဟုတ်ပြီ ဒါဆို 'အို့ အို့ လာလာ' "
"ဟာ...ခ,လေး နော်"
"စတာပါ...ကြိုက်သလိုခေၞဆိုလို့"
"အတည်ခေၞဗျာ ကြားချင်လှပြီ"
"အင်း ဒီတခါမနောက်တော့ဘူးနော်...အတည်ခေၞမယ်"
"ဟုတ်"
သူမထက် အသက်အနည်းငယ်ကြီးသဖြင့် သူ့ကိုယ်သူနာမ်စားသုံးသည့်အတိုင်း 'ကို' ဟုခေၞလိုက်သည်။
"ပျော်လိုက်တာကွာ"
SKY လည်း တယောက်တည်းကြိတ်ပြီးပြုံးလိုက်သည်။
ထို့နောက် နှစ်ဦးသားစကားအလုယက်ပြောရင်း ရယ်ရင်းမောရင်းဖြင့် အချိန်တွေကုန်မှန်းမသိကုန်သွားသည်။
ထုံးစံအတိုင်းပင် မိဘများပြန်လာတော့မည်ဖြစ်သော SKY လည်း ချစ်သူကို မနှုတ်ဆက်ချင်နှုတ်ဆက်ချင်နှင့် ဖုန်းချလိုက်ရသည်။ SKY တယောက် cool ဖုန်းကိုမျှော်ရသည်မှာ နေ့စဉ်တာဝန်တခုလိုဖြစ်လာသည်။ cool ကလည်း အချိန်မှန်ပင် ဆက်တတ်သည်။
မိနစ်အနည်းငယ်နောက်ကျလျှင် SKY က
"ဘာဖြစ်လို့ခုမှ ဆက်တာလဲ" "ရည်းစားအသစ်ရနေပြီလား" "ဘာသဘောလဲ" အစရှိသဖြင့် စကားနာထိုးတတ်သည်။
အလိုလိုက်မှန်းသိသဖြင့် ကလေးတယောက်လိုဆိုးလွန်းသော SKY ကို coolတယောက် မငြိုငြင်ပေ။ စိတ်ကောက်သည့်အခါတိုင်းလည်း စိတ်ရှည်လက်ရှည်ချော့တတ်သည့် cool ကို SKYတယောက် မခွဲနိုင်မခွာရက် ပက်ပက်စက်စက်ကို ချစ်နေမိသည်။
... ... ...
"ဟယ်လို"
"ဟယ်လိုမနေနဲ့ ဟေ့ကောင်! ငါကွ!"
"သြော် အေး...သူရလား?! ပြော...ဘာလဲ"
"ဘာလဲလုပ်မနေနဲ့...မင်းမေ့နေပေမဲ့ ငါမမေ့ဘူးကွ"
"ဘာလဲကွာမင်းက...အစမရှိအဆုံးမရှိနဲ့"
"မင်းကမသိချင်ယောင်ဆောင်နေတော့လည်း ပြောပြရတာပေါ့ကွာ" "chat room ထဲက ငါပြောပြဖူးတဲ့ SKY ဆိုတဲ့ကောင်မလေးလေ"
"သြောာာာ်" "အေးသိပြီ သိပြီ...မှတ်မိပြီ"
"အေး...မှတ်မိရင်လည်းလာထား ဟေ့ကောင်"
"နေပါဦး...ငါကဘာကိုကြည့်ပြီးယုံရမလဲ" "ငွေရေးကြေးရေးဆိုတော့ ပေါ့ပေါ့တန်တန်လုပ်လို့မဖြစ်ဘူး"
"အေး ငါ့ဘက်ကတော့အပိုင်ပဲ။ ဘယ်လိုသက်သေပြရမလဲသာပြော"
"ကောင်မလေး ဖုန်းနံပါတ်ပေးကွာ။ ငါဆက်ပြီးမေးကြည့်မယ်။ မင်းနဲ့ရည်းစားဟုတ်မဟုတ်"
"ဟေ့ကောင် လဒ။ မင်းအဲ့လိုမေးတော့ ဟိုကပြောမလားကွ။ ဘယ်သူဘယ်ဝါမှန်းမသိ။ မင်းလုပ်မှအကုန်လုံးပေၞကုန်မယ်"
"ဟီး...ဟုတ်သား...ငါလည်းလောသွားတယ်။ ဒါဆိုဘယ်လိုလုပ်ရမလဲ ငါသေချာသိချင်တယ်"
"ဒီလိုလုပ်ကွာ။ နက်ဖြန် မင်း gtalk လာခဲ့။ ငါ သူ့ကိုခေၞထားလိုက်မယ်။ cf လုပ်ကျတာပေါ့။" "အဲ့တော့မှ မင်းကိုသူနဲ့မိတ်ဆက်ပေးမယ်။ ငါတို့ပြောပုံဆိုပုံတွေကြားရင် မင်းသိလောက်ပါတယ်"
"အိုကေလား...အဲ့အကြံမဆိုးဘူး...ငါလာခဲ့မယ်...အချိန်ပြော" ဟုဆိုကာ နှစ်ယောက်သားချိန်းလိုက်ကြသည်။

(ဆက်ရန်)

1 comment:

Unknown said...

phat lo kaung tal.. 8->