Wednesday, November 4, 2009

နောက်ဆုံးလက်ကျန်

အနာဂတ်ဒိုင်ယာရီတအုပ်ထုတ်ဝေဖို့
ရည်မှန်းချက်တွေစာစီ
အတွေးပန်းချီတွေဖွဲ့သီနေချင်သေးပေမဲ့
မျှော်လင့်ချက်မှင်ရည် ကုန်ခမ်းလုနေပါပြီ

အော်ဟစ်နေပေမဲ့ မကြားနိုင်တဲ့အသံ
ငိုကြွေးနေပေမဲ့ ခြောက်သွေ့နေတဲ့မျက်ဝန်း
သေဆုံးနေပေမဲ့ အသက်ရှင်ကျန်နေသေးတဲ့လူတယောက်အတွက်
ပျော်ရွှင်မှုတွေ အလှည့်မရနိုင်အောင်
မင်းမူထားတဲ့ နာကျင်မှုတွေ
ဒီနေရာမှာ ရပ်တန်းက ရပ်ပေးပါ

No comments: