Tuesday, September 15, 2009

အမှန်/မှား

လူတွေ လူတွေ...အမျိုးမျိုးပဲနော်
တတ်လည်းတတ်နိုင်ကြတယ်
ဒါပေမဲ့ ငါလည်း လူထဲကလူတယောက်ပဲ...

ငါ့အလှည့်ကျရင်တော့ ကိုယ်ချင်းစာမခံရဘူး...ဒါတော့မတရားဘူးထင်တယ်

"နားလည်မှု" ဆိုတဲ့အရာကြီးက တအားဆန်းကြယ်တာလား...
ငါကိုယ်တိုင်က "နားလည်မှု" ဆိုတာကို နားမလည်တာလား...

ဘာလို့လဲဆိုတော့ "နားလည်မှု" က အရေးကြီးတယ်ဆိုတဲ့စကားကို မချတမ်းသုံးနေတဲ့သူတွေဆီမှာ
"နားလည်မှု" ဆိုတဲ့အရာကြီး မရှိဘူးကွာ..................

"မသိ" ဆိုတဲ့စကားလုံးနှစ်လုံးရှိတယ်ထားပါတော့
တယောက်ကဖတ်လိုက်ရင် don't know ဖြစ်ချင်ဖြစ်မယ်
နောက်တယောက်အတွက်တော့ Miss.Know-it-all ဖြစ်နေချင်ဖြစ်နေမှာပဲ
ဒါပေမဲ့ အဲ့မတူတဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မှားနေတယ်လို့တော့
ပြောမရဘူးထင်တယ်နော်...

ဘာရယ်တော့မဟုတ်ပါဘူး...စိတ်ထဲမှာ ရှုပ်ထွေးနေလို့ တွေးမိသမျှ ချရေးကြည့်တာ

No comments: