Friday, November 27, 2009

ရေပြင်ညီတိမ်းစောင်းခြင်း


မိုးစက်လေးတွေဖွဲကျကာမှ
ကမ္ဘာကြီးက လန်းဆန်းတယ်
ဒါဆို ဖန်တီးပေးသူ တိမ်တိုက်ကရော
ဘယ်လိုနည်းနဲ့ လန်းဆန်းမလဲ

အစာရလို့ ၀မ်းဝပါမှ
အပင်တွေ အမြင်လှကြတယ်
ဒါဆို ပေးပို့သူ အမြစ်တွေရော
ဘယ်သူစွမ်းလို့ လှပနိုင်မလဲ

မီးတောက်နေတဲ့ ဖယောင်းတိုင်မှ
အလင်းရောင် ဖြစ်ပေၞလာတယ်
ဒါဆို လောင်ကျွမ်းနေတဲ့ မီးစာသက်တမ်း
ဘယ်သူတွက်ဆ တမ်းတနေမလဲ

နူးညံ့လှပတဲ့ အမွေးပွအကျီလေးမှ
နွေးထွေးလုံခြုံခြင်းကို ခံစားကြရတယ်
ဒါဆိုအကာကွယ်ပေးနေတဲ့အကျီကိုရော
ဘယ်သူကများ အအေးဒဏ်မှ ကင်းဝေးစေနိုင်မလဲ

တဖက်သတ်ဆန်တဲ့ လောကကြီးမှာ
ငိုကြွေးနေတဲ့တိမ်တိုက်လို
ပေးဆပ်နေတဲ့ အမြစ်တွေလို
လောင်ကျွမ်းနေတဲ့မီးစာလို
ဝေဒနာခံစားနေရတဲ့အကျီလေးလို
ဒီလိုလူတွေအတွက် နေရာလေးပေးတတ်ကြရင်...

Wednesday, November 4, 2009

နောက်ဆုံးလက်ကျန်

အနာဂတ်ဒိုင်ယာရီတအုပ်ထုတ်ဝေဖို့
ရည်မှန်းချက်တွေစာစီ
အတွေးပန်းချီတွေဖွဲ့သီနေချင်သေးပေမဲ့
မျှော်လင့်ချက်မှင်ရည် ကုန်ခမ်းလုနေပါပြီ

အော်ဟစ်နေပေမဲ့ မကြားနိုင်တဲ့အသံ
ငိုကြွေးနေပေမဲ့ ခြောက်သွေ့နေတဲ့မျက်ဝန်း
သေဆုံးနေပေမဲ့ အသက်ရှင်ကျန်နေသေးတဲ့လူတယောက်အတွက်
ပျော်ရွှင်မှုတွေ အလှည့်မရနိုင်အောင်
မင်းမူထားတဲ့ နာကျင်မှုတွေ
ဒီနေရာမှာ ရပ်တန်းက ရပ်ပေးပါ

Monday, November 2, 2009

သို့ k&w(n)



ငါမနေ့ညက တညလုံးစိတ်မကောင်းဘူး...အပြစ်အကြီးကြီးလုပ်မိသလိုခံစားရတယ်
ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ ငါဘာလုပ်မိလို့လဲ ? ငါဘာလုပ်သေးလို့လဲ ?
နင်တို့ကို အလေးထားလို့ပဲ ငါဒီလိုနေနေတာလေ...
ပတ်ဝန်းကျင်ကို ငါဂရုမစိုက်ဘူး...ဂရုမစိုက်ဘူးဆိုတာထက် သိပ်အလေးမထားဘူးဆိုပိုမှန်တယ်
ပတ်ဝန်းကျင်မရှိပဲနေလို့မရဘူး...မှန်တယ်...but သူတို့က ငါ့ကိုဘယ်လောက်ကောင်းနေလို့လဲ ?
မကောင်းတာရှိရင် ကဲ့ရဲ့မယ်...ကောင်းတာဆိုရင် ချီးမွမ်းမယ်...ဒါကလေထဲကလာပြီး လေထဲမှာပြီးသွားတဲ့ဟာတွေ
တာရှည်မခံသလို ခံစားချက်လည်းမပါပါဘူး...
ဒါပေမဲ့ နင်တို့ကျတော့မတူဘူး...ငါချစ်တယ်...အဲ့အတွက်အလေးထားတယ်
ငါ့ကိုနည်းနည်းလေး ပိုနားလည်ပေးနိုင်ရင်ကောင်းမယ်ဟာ...

"စိတ်ကုန်တယ်" ဆိုတဲ့ စကားနောက်မှာ ပုဒ်မ ကလွဲပြီး ဘာလိုက်လို့ရဦးမှာလဲ

"i dunno" ဆိုတဲ့ စကားနောက်မှာ full stop ကလွဲပြီး ဘာရှိတော့မလဲ

even though I may lose you...you guys haven't lost me yet

Saturday, October 3, 2009

*Juz a story*

တစ်ခါတုန်းက Demon ဆိုတဲ့ကောင်လေးရယ်...Casper နဲ့ Hecate ဆိုတဲ့ကောင်မလေး၂ယောက်ရယ်... သူငယ်ချင်း၃ယောက်ရှိတယ်
တယောက်နဲ့တယောက်အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပေါ့...
တနေ့တော့ သူတို့သူငယ်ချင်း၃ယောက်ရဲ့ ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေကိုဖျက်ဆီးမဲ့ ဂြိုဟ်ဆိုးတခုဝင်လာတယ်
...............

Demon အဲ့ကောင်မလေးနဲ့ကြိုက်နေပြီဆိုတာကို Casper ကအရင်ရိပ်မိတယ်...ဒါပေမဲ့ ဘာမှတော့မပြောဖြစ်ခဲ့ပါဘူး...
ဒါပေမဲ့ တနေ့ Hecate နဲ့ Casper ၂ယောက်စကားပြောကြရင်း Demon အကြောင်းပြောဖြစ်ကြတယ်...
၂ယောက်လုံးက Demon ကိုသံယောဇဉ်အရမ်းရှိတော့ စိုးရိမ်စိတ်တွေဝင်လာတယ်...
ဒါပေမဲ့ သူတို့၂ယောက်စကားကို Demon နားမထောင် ဂရုမစိုက်ခဲ့ပါဘူး...
ဒီတော့ ကောင်မလေး၂ယောက်လည်း ဂရုဏာဒေါသောနဲ့ Demon ကိုအဆက်သွယ်ဖြတ်ခဲ့တယ်...
.............

ဘယ်လိုပဲဖြစ်ဖြစ် Demon အပေၞ သံယောဇဉ်ရှိတဲ့ ကောင်မလေး၂ယောက်က ကြာကြာမနေနိုင်ခဲ့ပါဘူး
Demon စိတ်ညစ်နေတာ စိတ်ဆင်းရဲတာကို သူတို့မလိုချင်ခဲ့တာပဲရှိတယ်လေ...Demon ကိုမုန်းခဲ့ကြလို့မှမဟုတ်တာ...
..............

တနေ့တော့ Demonရဲ့ကောင်မလေးက Demon ကိုတွေ့ဖို့ချိန်းတဲ့အကြောင်းကို Casper နဲ့ Hecate သိသွားတယ်
အဲ့ဒီတော့ ချိန်းထားတဲ့နေရာကို Demon နောက်က ခြေရာခံပြီး တိတ်တိတ်လေးလိုက်လာခဲ့တယ်...
Demon နဲ့ သူ့ကောင်မလေး စကားပြောနေတာကို Hecate တို့၂ယောက်ချောင်အကွယ်ကနေကြည့်နေရင်း Demon ကောင်မလေးလက်ထဲက ဓါးတလက်ကို
၂ယောက်လုံး သတိထားမိလိုက်ကြတယ်...
Hecate တယောက် စိုးရိမ်စိတ်တွေနဲ့ အသင့်ဆောင်လာတဲ့ ဓါးကိုယူပြီး Demon ရှိရာဆီပြေးထွက်လာခဲ့တယ်...
Casper တယောက်လည်း Hecate နောက်ပြေးလိုက်ခဲ့တော့တာပေါ့...
...............

ဖြစ်ချင်တော့ သူ့ကောင်မလေး လက်ထဲမှာ ဓါးကိုင်ထားတယ်ဆိုတာကိုမသိတဲ့ Demon တယောက်ဟာ သူ့ကိုကာကွယ်ဖို့အတွက် ဓါးကိုင်ပြီးပြေးလာတဲ့
သူငယ်ချင်း၂ယောက်ကို ပြေးပြီး တိုက်ခိုက်ခဲ့တယ်...
ဒါပေမဲ့ သူ့ကိုတကယ်တိုက်ခိုက်မဲ့သူဟာ ဒီကောင်မလေး၂ယောက်မဟုတ်ဘူးဆိုတာ Demon သိလိုက်ရတဲ့အချိန်မှာတော့
...............


အဆုံးသတ်မှာ...အပြုံးဇာတ်မပါခဲ့တာတော့ သေချာပါတယ် :)

Tuesday, September 29, 2009

စိတ်.စိတ်.စိတ်.

လူတွေရဲ့ စိတ်အစဉ်က လိပ်အလျင်လို ဖြစ်ရင်ကောင်းမယ်နော်
အခုကျတော့ မျောက်သဘင်လိုဖြစ်နေတယ် =D

"လိုတာမရ ရတာမလို" တဲ့လေ
immmmmmmmmmm...
လိုချင်တဲ့အရာကို ရအောင်ယူဖို့ထက်...ရနေတဲ့အရာကို လိုချင်ဖို့ကခက်တယ်နော်
ဆုံးရှုံးပြီးမှ တန်ဖိုးထားနေလို့လည်း အလကားပဲ

ပိုင်ဆိုင်နေတုန်း တန်ဖိုထားချင်ထား... <<< မဟုတ်ရင်လည်း ပိုင်ဆိုင်ဖို့မကြိုးစားနဲ့... <<< မလွယ်ဘူး၂ခုလုံး

Monday, September 21, 2009

King Kong မှ သင်ခန်းစာတချို့

ဒီနေ့ည အစီစဉ်တွေလျှောက်ရှာရင်း King Kong ဆိုတဲ့ကားကိုတွေ့လိုက်မိတယ်...
(လွန်ခဲ့တဲ့ ၄နှစ်တုန်းက စကြည့်ဖူးတဲ့ကားလေး...
သြော်...မှတ်မိသေးတယ်...အဲ့နေ့က...အရမ်းကိုပျော်ခဲ့တာ
ပြန်တွေးလိုက်ရင် ဘာမှမကြာသေးသလိုပါပဲ...)
ကြည့်မယ်ဆိုပြီး ဖွင့်လိုက်တော့ ဇာတ်လမ်းကတော်တော်လေးရောက်နေပြီ...
ဒါပေမဲ့ သိပြီးသားဆိုတော့...ဆက်ကြည့်နေလိုက်တယ်...
အဖေတို့ကိုလည်း "ကောင်းတယ်...ကြည့်" လို့ :P

King Kong ကြီးကို အရမ်းသနားတာပဲ :'(
သူ့ခမျာ ကောင်မလေးကိုတော်တော်ချစ်ရှာတယ်...
လူတွေကလည်း ရက်စက်လိုက်ကြတာ...သူတို့ကိုခွဲဖို့ကြိုးစားကြတယ်...

သဘာဝချင်းမတူပေမဲ့ အချစ်က အချစ်ပါပဲ...
တကယ်ဆိုလူသားချင်းချစ်တဲ့အချစ်ကတောင်မှ...တဏှာစိတ်တွေ တပ်မက်မှုတွေပါနေဦးမယ်
King Kong ကြီးရဲ့အချစ်ကတော့ ဖြူစင်လွန်းပါတယ်...ဒါပေမဲ့လည်း
ဇာတ်သိမ်းကတော့ သြဲစိတ်ကြိုက်မဖြစ်ခဲ့ပါဘူး...
အဲ့ဒါကြောင့် ဇာတ်လမ်းမပြီးခင် (အဖေတို့ရှေ့ ငိုမိမှာစိုးလို့) အောက်ထပ်ကိုဆင်းလာခဲ့တာ...

အဲ့ကားလေးကြည့်ပြီး သြဲတခု စဉ်းစားမိတယ်...
တကယ်တော့ အချစ်ဆိုတာ ပူလောင်တယ်လို့တော့ တပ်အပ်ကြီးပြောလို့မရပါဘူး...
လူတွေရဲ့ လောဘတွေ ရမ္မက်တွေကသာ ပူလောင်မှုကို ဖြစ်စေတာလို့ထင်တယ်
သြဲကတော့ သြဲချစ်တဲ့သူကို...ပိုင်ဆိုင်ဖို့ထက် သစ္စာပဲရှိချင်တော့တယ်...
ချစ်တဲ့သူဘယ်သူမဆို အတူတူနေချင်ကြပေမဲ့...ခွဲခွာရရင် ပိုခံစားရမှာ...
အဲ့တော့ အစထဲက သူမရှိပဲနေနိုင်အောင် ပြင်ဆင်ပြီး သူ့ကိုချစ်နေရတာက ပိုအေးချမ်းမယ်ထင်တာပဲ

တကယ်ချစ်မိလာရင် သူ့ကို စိတ်ထဲမှာပဲ လက်ထပ်ထားလိုက်တော့မယ်...
ရူးကြောင်ကြောင်ဆန်တယ်လို့ ပြောလို့ရပေမဲ့...တကယ်လုပ်ဖို့မလွယ်တဲ့ ကိစ္စတခုမို့ စမ်းကြည့်ချင်သေးတယ်

Friday, September 18, 2009

M3 & My Way

တကယ်ကို စိတ်တိုပါသည်
ဒေါသအလွန်ထွက်ပါသည်
ထိန်းမရ သိမ်းမရ ပေါက်ကွဲချင်ပါ၏

သို့သော်...
အိမ်ကသိမှာစိုးသဖြင့်...ဘာမှမဖြစ်သလို နေနေရပါသည်

နည်းလမ်းတခုတော့ ရှာတွေ့ပြီ ~_~

စိတ်ဆိုးနေ စိတ်တိုနေရင် အဲ့လူကို စိတ်ထဲကနေ
လုပ်ချင်တာလုပ်ပစ်လိုက် (ပါးချ၊အော်ငေါက်၊ပစ်ပေါက်)

ကိုယ့်ကိုအဲ့လိုဖြစ်အောင်လုပ်တာ ၁၀ကြိမ်လောက်ရှိလာရင်
အဲ့လူကို စိတ်ထဲကနေ လုံးဝ ignore ပစ်လိုက်...
ရှယ်ပဲ...

ကိုယ်လည်းရိုင်းရာမကျတော့သလို သူလည်းဘာမှမသိတော့ဘူး

အဟက်ဟက် ~_~

Wednesday, September 16, 2009

Confession

ငါမကောင်းဘူး...တကယ်မကောင်းခဲ့ပါဘူး...
ငါစိတ်ညစ်တယ်...ငါစိတ်ညစ်တာက ငါ့ဟာငါ ဖန်တီးလို့...အပူရှာလို့
ခက်တာက...အပူကိုယူပေးရတဲ့ သူတွေက သူငယ်ချင်းတွေဖြစ်နေတယ်
တကယ်ဆို ငါအခုရတဲ့အပူမတိုင်ခင်က အေးချမ်းမှုတွေ ပျော်ရွှင်ကြည်နူးမှုတွေ...
အဲ့ဒါတွေကျတော့ ငါ့သူငယ်ချင်းတွေ မခံစားခဲ့ရဘူးလေ...

ဒါဆို သူငယ်ချင်းတွေကို ရင်ဖွင့်ဖွင့်နေတတ်တဲ့ငါ တရားရဲ့လား??
hell no!

နောက်ဆို ကိုယ်ရှာတဲ့ပြဿနာ ကိုယ်တာဝန်ယူနိုင်တဲ့သူဖြစ်အောင် လုပ်ရမယ်
နောက်ဆိုမဟုတ်ပါဘူး...အခုကစပြီးဖြစ်ရမှာ :D

Tuesday, September 15, 2009

အမှန်/မှား

လူတွေ လူတွေ...အမျိုးမျိုးပဲနော်
တတ်လည်းတတ်နိုင်ကြတယ်
ဒါပေမဲ့ ငါလည်း လူထဲကလူတယောက်ပဲ...

ငါ့အလှည့်ကျရင်တော့ ကိုယ်ချင်းစာမခံရဘူး...ဒါတော့မတရားဘူးထင်တယ်

"နားလည်မှု" ဆိုတဲ့အရာကြီးက တအားဆန်းကြယ်တာလား...
ငါကိုယ်တိုင်က "နားလည်မှု" ဆိုတာကို နားမလည်တာလား...

ဘာလို့လဲဆိုတော့ "နားလည်မှု" က အရေးကြီးတယ်ဆိုတဲ့စကားကို မချတမ်းသုံးနေတဲ့သူတွေဆီမှာ
"နားလည်မှု" ဆိုတဲ့အရာကြီး မရှိဘူးကွာ..................

"မသိ" ဆိုတဲ့စကားလုံးနှစ်လုံးရှိတယ်ထားပါတော့
တယောက်ကဖတ်လိုက်ရင် don't know ဖြစ်ချင်ဖြစ်မယ်
နောက်တယောက်အတွက်တော့ Miss.Know-it-all ဖြစ်နေချင်ဖြစ်နေမှာပဲ
ဒါပေမဲ့ အဲ့မတူတဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မှားနေတယ်လို့တော့
ပြောမရဘူးထင်တယ်နော်...

ဘာရယ်တော့မဟုတ်ပါဘူး...စိတ်ထဲမှာ ရှုပ်ထွေးနေလို့ တွေးမိသမျှ ချရေးကြည့်တာ

Friday, September 11, 2009

Ur Prezent!

လက်နက်မဲ့ထိုးနှက်ချက်တွေ
ဒဏ်ရာကတော့ အပြည့်ပဲ

သွေးမမြင်ရတဲ့ ဒဏ်ရာ
နာကျင်မှုကတော့ အပြည့်ပဲ

အမာရွတ်မရှိတဲ့ ဒဏ်ရာ
နက်ရှိုင်းမှုကတော့ ပြင်းထန်တယ်ကွာ...

Friday, August 21, 2009

သို့ visy

အရမ်းလည်းစိတ်မညစ်နေပါနဲ့ဟာ :sorri:
တကယ်တော့လေ...ခံစားချက်ဆိုတာ
ငါတို့ရဲ့သတ်မှတ်ချက်ပေၞမူတည်ပြီးပြောင်းလို့ရတယ်ဟ

နင်သူ့ကိုမချစ်သင့်ဘူး...ဒါပေမဲ့ချစ်မိခဲ့တယ်...အဲ့ဒီအတွက် ၀မ်းနည်းပူဆွေးရတယ်
ဒါက...နင့်အနားမှာ"သူမရှိတော့ဝူး...သူ့ကို ဆုံးရှုံးလိုက်ရပြီ" လို့သတ်မှတ်လို့လေ
တကယ်လို့..."ငါမှားခဲ့တယ်...နောက်မမှားတော့ဘူး"ဆိုပြီး သတ်မှတ်လိုက်ရင်
ပူဆွေးစရာမဟုတ်တော့ဘူး...သင်ခန်းစာဖြစ်သွားတယ်
နင့်ကိုရင့်ကျက်လာစေတဲ့ အကြောင်းရာတခုအနေနဲ့သတ်မှတ်လိုက်ပေါ့ဟာနော်

ငါဒါတွေပြောနေတာ...ငါသိပ်တွေးခေၞတတ်နေလို့ သိပ်ရင့်ကျက်နေလို့မဟုတ်ပါဝူး
ဒါပေမဲ့ နင့်ကိုသက်သာစေချင်တယ်...
ငါ perfect မဖြစ်ပေမဲ့ ငါ့ညီမတွေကိုတော့ perfect ဖြစ်စေချင်တယ်

btw, စိတ်ညစ်နေတုန်း It's alright,it's ok လေးနဲ့ပေါက်ကွဲလိုက် :D
ပြီးရင် Beautiful you are လေးနားထောင်

my visy လေးအမြဲပျော်ရွှင်နိုင်ပါစေ :*

P.S. အစကနင့်blogမှာရေးမလို့ပဲ...comment post မရလို့

Thursday, August 20, 2009

ကလေးတစ်ယောက်နဲ့ကြာဖြူတစ်ပွင့်-အငဲ


လောကရဲ့ပင်လယ် ဒုက္ခလှိုင်းတွေထဲ
ကလေးလေးတစ်ယောက်ဟာငိုနေ
ကြောက်ရွံ့စိတ်တွေဝင် နောက်လှည့်ပြေးမှာလား
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ

စွန့်ပစ်ရက်သူတွေ အမုန်းရဲ့မြားချက်များ
ကလေးလေးတစ်ယောက် နာကျင်နေ
လမ်းမကြီးတွေပေၞ လမ်းပျောက်ခဲ့ပြီလား
ထွက်မပြေးနဲ့ ကလေးလေးရေ

လောကရဲ့ရင်ခွင် ရှားပါးမေတ္တာတရား
ကလေးလေးတစ်ယောက် ရှာဖွေနေ
အခုထိမသိနိုင်တာ စိတ်ပျက်သွားပြီလား
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ

မှားယွင်းမှုတွေအပေၞ အမှားနဲ့တုံ့ပြန်မလား
ကလေးလေးတစ်ယောက် တွေဝေနေ
အဆိပ်သင့်လက်တွေကို အဆိပ်နဲ့တုံ့ပြန်မလား
ထွက်မပြေးနဲ့ကလေးလေးရေ

နွံအိုင်အလယ်မှာ မနစ်မြုပ်နဲ့ကလေးလေး
နွံအိုင်တွေကိုဖောက်ထွက်ခဲ့ ကလေးလေး
ကြာဖြူတွေလိုကွယ် ဖူးပွင့်လိုက်
ထွက်မပြေးနဲ့ ကလေးလေးရေ
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ

လောကရဲ့ပင်လယ် ဒုက္ခလှိုင်းတွေထဲ
ကလေးလေးတစ်ယောက်ဟာငိုနေ
ကြောက်ရွံ့စိတ်တွေဝင် နောက်လှည့်ပြေးမှာလား
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ

တနေ့တော့တွေ့မှာပါ ကောင်းမြတ်တဲ့အရာများ
ကလေးလေးတစ်ယောက် ပျော်ရွှင်စေ
လောကရဲ့တနေရာ အဆုံးထိနင်းရှာလိုက်
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ
ပြန်ထွက်မပြေးနဲ့ကလေးလေးရေ