မိုးစက်လေးတွေဖွဲကျကာမှ
ကမ္ဘာကြီးက လန်းဆန်းတယ်
ဒါဆို ဖန်တီးပေးသူ တိမ်တိုက်ကရော
ဘယ်လိုနည်းနဲ့ လန်းဆန်းမလဲ
အစာရလို့ ၀မ်းဝပါမှ
အပင်တွေ အမြင်လှကြတယ်
ဒါဆို ပေးပို့သူ အမြစ်တွေရော
ဘယ်သူစွမ်းလို့ လှပနိုင်မလဲ
မီးတောက်နေတဲ့ ဖယောင်းတိုင်မှ
အလင်းရောင် ဖြစ်ပေၞလာတယ်
ဒါဆို လောင်ကျွမ်းနေတဲ့ မီးစာသက်တမ်း
ဘယ်သူတွက်ဆ တမ်းတနေမလဲ
နူးညံ့လှပတဲ့ အမွေးပွအကျီလေးမှ
နွေးထွေးလုံခြုံခြင်းကို ခံစားကြရတယ်
ဒါဆိုအကာကွယ်ပေးနေတဲ့အကျီကိုရော
ဘယ်သူကများ အအေးဒဏ်မှ ကင်းဝေးစေနိုင်မလဲ
တဖက်သတ်ဆန်တဲ့ လောကကြီးမှာ
ငိုကြွေးနေတဲ့တိမ်တိုက်လို
ပေးဆပ်နေတဲ့ အမြစ်တွေလို
လောင်ကျွမ်းနေတဲ့မီးစာလို
ဝေဒနာခံစားနေရတဲ့အကျီလေးလို
ဒီလိုလူတွေအတွက် နေရာလေးပေးတတ်ကြရင်...
No comments:
Post a Comment