Showing posts with label poems. Show all posts
Showing posts with label poems. Show all posts

Friday, November 27, 2009

ရေပြင်ညီတိမ်းစောင်းခြင်း


မိုးစက်လေးတွေဖွဲကျကာမှ
ကမ္ဘာကြီးက လန်းဆန်းတယ်
ဒါဆို ဖန်တီးပေးသူ တိမ်တိုက်ကရော
ဘယ်လိုနည်းနဲ့ လန်းဆန်းမလဲ

အစာရလို့ ၀မ်းဝပါမှ
အပင်တွေ အမြင်လှကြတယ်
ဒါဆို ပေးပို့သူ အမြစ်တွေရော
ဘယ်သူစွမ်းလို့ လှပနိုင်မလဲ

မီးတောက်နေတဲ့ ဖယောင်းတိုင်မှ
အလင်းရောင် ဖြစ်ပေၞလာတယ်
ဒါဆို လောင်ကျွမ်းနေတဲ့ မီးစာသက်တမ်း
ဘယ်သူတွက်ဆ တမ်းတနေမလဲ

နူးညံ့လှပတဲ့ အမွေးပွအကျီလေးမှ
နွေးထွေးလုံခြုံခြင်းကို ခံစားကြရတယ်
ဒါဆိုအကာကွယ်ပေးနေတဲ့အကျီကိုရော
ဘယ်သူကများ အအေးဒဏ်မှ ကင်းဝေးစေနိုင်မလဲ

တဖက်သတ်ဆန်တဲ့ လောကကြီးမှာ
ငိုကြွေးနေတဲ့တိမ်တိုက်လို
ပေးဆပ်နေတဲ့ အမြစ်တွေလို
လောင်ကျွမ်းနေတဲ့မီးစာလို
ဝေဒနာခံစားနေရတဲ့အကျီလေးလို
ဒီလိုလူတွေအတွက် နေရာလေးပေးတတ်ကြရင်...

Wednesday, November 4, 2009

နောက်ဆုံးလက်ကျန်

အနာဂတ်ဒိုင်ယာရီတအုပ်ထုတ်ဝေဖို့
ရည်မှန်းချက်တွေစာစီ
အတွေးပန်းချီတွေဖွဲ့သီနေချင်သေးပေမဲ့
မျှော်လင့်ချက်မှင်ရည် ကုန်ခမ်းလုနေပါပြီ

အော်ဟစ်နေပေမဲ့ မကြားနိုင်တဲ့အသံ
ငိုကြွေးနေပေမဲ့ ခြောက်သွေ့နေတဲ့မျက်ဝန်း
သေဆုံးနေပေမဲ့ အသက်ရှင်ကျန်နေသေးတဲ့လူတယောက်အတွက်
ပျော်ရွှင်မှုတွေ အလှည့်မရနိုင်အောင်
မင်းမူထားတဲ့ နာကျင်မှုတွေ
ဒီနေရာမှာ ရပ်တန်းက ရပ်ပေးပါ

Friday, September 11, 2009

Ur Prezent!

လက်နက်မဲ့ထိုးနှက်ချက်တွေ
ဒဏ်ရာကတော့ အပြည့်ပဲ

သွေးမမြင်ရတဲ့ ဒဏ်ရာ
နာကျင်မှုကတော့ အပြည့်ပဲ

အမာရွတ်မရှိတဲ့ ဒဏ်ရာ
နက်ရှိုင်းမှုကတော့ ပြင်းထန်တယ်ကွာ...

Tuesday, July 28, 2009

သက်ရောက်မှု

ရေလေးတစက်ဆိုပေမဲ့
စက္ကူပါးလေးတချပ်တော့ နွမ်းလောက်တယ်လေ

ပင်အပ်လေးတချောင်းဆိုပေမဲ့
ပူဖောင်းတလုံးကိုတော့ ဖောက်ခွဲပစ်နိုင်တယ်လေ

သဲလေးတပွင့်ဆိုပေမဲ့
မျက်လုံးတခုလုံးကို ဗြောင်းဆန်အောင်ကလိပစ်နိုင်တယ်လေ

ကျီစယ်မှုလေးဆိုပေမဲ့
ခံနိုင်ရည်မရှိတဲ့သူအတွက်တော့...သေစေနိုင်တဲ့အဖြစ်ပျက်တခုပေါ့

Sunday, July 12, 2009

အပြစ်ရောင်

မဖွင့်ထားပေမဲ့
သေချာပိတ်မထားတော့
လေပြည်အဝှေ့မှာ ပွင့်ခဲ့တဲ့တံခါး
အိမ်ရဲ့နွေးထွေးမှု ပျောက်ဆုံးစေခဲ့တယ်

မရွေ့လျားချင်ပေမဲ့
တည်ငြိမ်မှု လျော့ပါးခဲ့လို့
လေပြည်စေရာ လွင့်ခဲ့တဲ့တိမ်တိုက်
မျှော်ကြည့်နေသူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့တယ်

မကြွေချင်ပေမဲ့
နူးညံ့လွန်းပြန်တော့
လေပြည်နှင်တိုင်း ယိုင်ခဲ့တဲ့ပန်း
ဥယျာဉ်မှူးရဲ့ အဝေးမှာ မြေခခဲ့တယ်...

Saturday, July 11, 2009

ဆန္ဒ

ဘ၀တစ်ကွေ့
အချိုးအဆစ် အဆိုးအပြစ်တွေ များလွန်းတာမို့

မမြင်အပ်တဲ့ အရာကို မမြင်သော
မျက်လုံးပိုင်ရှင် ဖြစ်စေ...

မကြားအပ်တဲ့ အရာကို မကြားသော
နားပိုင်ရှင် ဖြစ်စေ...

ဖြစ်ရပ်တိုင်းမှာ စိတ်မထိရစေဖို့
ထုံနေသော နှလုံးသားပိုင်ရှင်ဖြစ်စေသား။ ။

Tuesday, June 9, 2009

"M3"


I am crying with no tears
I am dying with lots of fears---
"Don't giv up,my dear"
that is the voice I hear

then...I am trying to find
what I used to deny
and I am trying to see
the "real ME"

စိတ်ညစ်နေတယ်...အရမ်းပဲ...
အဲ့ဒါကိုသူငယ်ချင်းတယောက်ကလာအားပေးလို့...
ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားပြီး
အခုလေးတင်...စိတ်ကူးပေါက်ရာ ကာရံညှိလိုက်တာပါ ;D

Thursday, March 19, 2009

တန်ဖိုး

ဆုတောင်းပြည့်ချင်တဲ့သူတွေက
ကြယ်ကြွေမှာကိုမျှော်လင့်တကြီးစောင့်တတ်ကြပေမဲ့
ကြယ်လေးဘယ်ကိုကြွေလဲ ဘာဖြစ်သွားလဲဆိုတာကိုတော့
ဂရုစိုက်ကြ...စိတ်ဝင်စားကြမယ်မထင်ပါဘူး :nope:

လျှပ်စစ်မီးမရှိတဲ့ ညတွေမှာ
လမင်းလေးကို တမ်းတတတ်ကြပေမဲ့
လမင်းလေးသာနေတာကို ကြည့်ဖို့တော့
လျှပ်စစ်မီးကို စွန့်ပစ်ကြမယ်မထင်ပါဘူး :nope:

တပ်မက်စရာကောင်းတယ်လို့ထင်ရတဲ့ကြွေရုပ်လေးကို
အလုအယက်လိုချင်တတ်ကြပေမဲ့
ကွဲရှကျေပျက်နေချိန်မှာတော့...
တန်ဖိုးထားကြတော့မယ်မထင်ပါဘူး :nope:

Saturday, November 29, 2008

အချစ်နှင့်လေးရာသီ

နွေဦး...
ငါနဲ့နင်ပျော်မြူး
မချစ်စဖူးအချစ်ထူးလို့
စိတ်ကူးတွေယဉ်ခဲ့ကြတယ်...

နွေ...
ပြောင်းလဲလာတဲ့အခြေအနေ
အပေအတေဆန်တဲ့နှလုံးသားနဲ့
တွေဝေလာခဲ့ကြတယ်...

ဆောင်းဦး...
အမုန်းတွေကြားမှာလွန့်လူး
နင့်ဥပေက္ခာတွေနဲ့
အရူး၁ပိုင်းဖြစ်ခဲ့ရတယ်...

ဆောင်း...
ငါနဲ့နင်ပြန်ဆုံချိန်နှောင်း
အတိတ်တွေဟောင်းလို့
ကံကောင်းခြင်းမှဝေးခဲ့ရတယ်...

ချစ်ခြင်း၏အခြားမဲ့၌

မင်းကအပြီးသတ်ချင်ပေမယ့်
ငါကခရီးဆက်ချင်သေးတယ်...
မင်းကမုန်းဇာတ်လိုချင်ပေမယ့်
ငါကပြုံးလျက်ငိုနေတယ်...
မင်းကမလွမ်းရတော့ပေမဲ့
ငါကတမ်းတဆဲပါ...
မင်းကဖယ်ခွာလိုပေမဲ့
ငါကတွယ်တာချင်သေးတယ်...
************************
ခါးတယ်...ငါကြိတ်မှိတ်မျိုလိုက်မယ်
ညာတယ်...ငါကြိတ်မှိတ်ယုံလိုက်မယ်
ကျီစားတယ်...ငါကြိတ်မှိတ်ခံလိုက်မယ်
နောက်ဆုံးမှာ...
ထားသွားတယ်...ငါကြိတ်မှိတ်ပြီးတိတ်တိတ်ငိုနေတယ်...

ကဗျာမပီစာမပီ

ကူကယ်မဲ့သူမရှိ
ဒဏ်ရာများစွာအတိ
ချစ်တဲ့သူလည်းမသိ
ငါဟာလဲပြိုပြီ...
***************
သာနေတာကလမင်း
ရှာနေတာကအလင်း
မင်းတန်ဖိုးမထားတဲ့အခါ
ကံဆိုးသွားတဲ့ငါ...
***************
ပြင်းပြတဲ့ဆန္ဒ...ငြင်းပယ်တာမရ
အကျဉ်းကျတဲ့ဘ၀...မင်းကယ်ပါမှ
***************
ဒီဟာလေးတွေက သြဲပထမဆုံးစရေးဖြစ်တဲ့ ကဗျာ(သို့)စာပိုဒ်တိုလေးတွေပါ :)

Thursday, November 27, 2008

နင်နဲ့ငါ

...ခြောက်ကပ်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး စိုပြေစေခဲ့တယ်...
ခုချိန်မှာတော့...ရွှဲစိုနေခဲ့ပြီ...ငါ့မျက်လုံးတွေပေါ့

...အေးစက်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နွေးထွေးစေခဲ့တယ်...
ခုချိန်မှာတော့...ပူလောင်နေခဲ့ပြီ...ငါ့ရင်တွေပေါ့

...ကြမ်းတမ်းတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နူးညံ့စေခဲ့တယ်...
ခုချိန်မှာတော့...အထိမခံနိုင်လောက်အောင်ဖြစ်နေခဲ့ပြီ...ငါ့စိတ်ဓါတ်တွေပေါ့

...ငါ့မျက်ရည်တွေခြောက်သွေ့ဖို့
...ငါ့ရင်တွေအေးမြဖို့
...ငါ့စိတ်ဓါတ်တွေခိုင်မာဖို့
နင်ရောက်လာပါဦးလား....

ဒီနေ့ချရေးဖစ်တဲ့ ကဗျာလေး၁ပုဒ်ပေါ့...
သြဲရင်ဖွင့်နေကျ အခန်းလေးရေ...သြဲကိုနားလည်ပါဦး...
နှစ်သိမ့်ပေးပါဦး...အားပေးပါဦးနော်... :'(