Showing posts with label my opinions. Show all posts
Showing posts with label my opinions. Show all posts

Friday, September 18, 2009

M3 & My Way

တကယ်ကို စိတ်တိုပါသည်
ဒေါသအလွန်ထွက်ပါသည်
ထိန်းမရ သိမ်းမရ ပေါက်ကွဲချင်ပါ၏

သို့သော်...
အိမ်ကသိမှာစိုးသဖြင့်...ဘာမှမဖြစ်သလို နေနေရပါသည်

နည်းလမ်းတခုတော့ ရှာတွေ့ပြီ ~_~

စိတ်ဆိုးနေ စိတ်တိုနေရင် အဲ့လူကို စိတ်ထဲကနေ
လုပ်ချင်တာလုပ်ပစ်လိုက် (ပါးချ၊အော်ငေါက်၊ပစ်ပေါက်)

ကိုယ့်ကိုအဲ့လိုဖြစ်အောင်လုပ်တာ ၁၀ကြိမ်လောက်ရှိလာရင်
အဲ့လူကို စိတ်ထဲကနေ လုံးဝ ignore ပစ်လိုက်...
ရှယ်ပဲ...

ကိုယ်လည်းရိုင်းရာမကျတော့သလို သူလည်းဘာမှမသိတော့ဘူး

အဟက်ဟက် ~_~

Tuesday, September 15, 2009

အမှန်/မှား

လူတွေ လူတွေ...အမျိုးမျိုးပဲနော်
တတ်လည်းတတ်နိုင်ကြတယ်
ဒါပေမဲ့ ငါလည်း လူထဲကလူတယောက်ပဲ...

ငါ့အလှည့်ကျရင်တော့ ကိုယ်ချင်းစာမခံရဘူး...ဒါတော့မတရားဘူးထင်တယ်

"နားလည်မှု" ဆိုတဲ့အရာကြီးက တအားဆန်းကြယ်တာလား...
ငါကိုယ်တိုင်က "နားလည်မှု" ဆိုတာကို နားမလည်တာလား...

ဘာလို့လဲဆိုတော့ "နားလည်မှု" က အရေးကြီးတယ်ဆိုတဲ့စကားကို မချတမ်းသုံးနေတဲ့သူတွေဆီမှာ
"နားလည်မှု" ဆိုတဲ့အရာကြီး မရှိဘူးကွာ..................

"မသိ" ဆိုတဲ့စကားလုံးနှစ်လုံးရှိတယ်ထားပါတော့
တယောက်ကဖတ်လိုက်ရင် don't know ဖြစ်ချင်ဖြစ်မယ်
နောက်တယောက်အတွက်တော့ Miss.Know-it-all ဖြစ်နေချင်ဖြစ်နေမှာပဲ
ဒါပေမဲ့ အဲ့မတူတဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မှားနေတယ်လို့တော့
ပြောမရဘူးထင်တယ်နော်...

ဘာရယ်တော့မဟုတ်ပါဘူး...စိတ်ထဲမှာ ရှုပ်ထွေးနေလို့ တွေးမိသမျှ ချရေးကြည့်တာ

Monday, April 20, 2009

အနိုင်နဲ့အရှုံး...အရှုံးနဲ့အနိုင်

အနိုင်ရယ် အရှုံးရယ်ဆိုပြီး ရှိတယ်နော်...ဘယ်လိုသတ်မှတ်ကြလဲတော့မသိဝူး ;-?

ယေဘုယျအားဖြင့်...တူနိုင်ပေမဲ့...တယောက်နဲ့ တယောက်တော့ကွာမယ်ထင်တယ်...
တချို့တွေကလေ...အရမ်းနိုင်ချင်ကြတယ်...ဘယ်အရာမှာမဆိုပေါ့လေ
ရှုံးမှာတအားကြောက်ကြတယ်...အဓိကကတော့...မာနပေါ့...
တကယ်တော့အမြဲနိုင်နေတာလည်းမကောင်းပါဝူး...ဘ၀ရဲ့ အရသာမပြည့်စုံတော့ဝူးလေ (သြဲအမြင်ပါ)

အရှုံးဆိုတာလည်း တကယ်တော့ မကောင်းတာချည်းပဲမဟုတ်ပါဝူး
တခါတလေ အရှုံးကနေရတဲ့သင်ခန်းစာကြောင့် ပိုအောင်မြင်သွားတတ်တာတွေလည်းရှိပါတယ်

သြဲလေ ခဏခဏစိတ်ညစ်ဖူးတယ်...စိတ်ဓါတ်ကျဖူးတယ်...
ဒါမဲ့ သြဲကိုချစ်တဲ့သူတွေရဲ့အားပေးမှုကြောင့် စိတ်ညစ်ပြေခဲ့တယ်
တနေ့ထက်တနေ့လည်း ပိုရင့်ကျက်လာသလို ခံစားမိတယ်...(စိတ်နည်းနည်းကောက်မိတာကလွဲလို့ :P )

ပြောချင်တာက စိတ်ညစ်နေ စိတ်ဓါတ်ကျနေတဲ့သူတွေကို...ကိုယ့်ကိုယ်ကိုယ်အရှုံးသမားဆိုပြီးစိတ်မညစ်စေချင်တာပါ

နိုင်တဲ့သူတိုင်းလည်း...အပြည့်အ၀မပျော်ကြပါဝူး...ဘာလို့လဲဆိုတော့...ဘယ်တော့ပြန်ရှုံးမလဲ...
နိုင်ထားတယ်ဆိုတဲ့ဂုဏ်ကို ဘယ်လို ဆက်ထိန်းထားရမလဲဆိုပြီး...အတွေးတွေနဲ့ပင်ပန်းနေတတ်ပါတယ်...

တကယ်တော့ "စိတ်ထောင်းကိုယ်ကြေ" ဆိုတဲ့စကားလို...စိတ်ညစ်တာတွေကို တွေးမိရင်းနဲ့
ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး ပိုပိုဆိုးလာဖို့ပဲရှိတယ်
စိတ်လေလာမယ်...
လုပ်ချင်တာတွေလျှောက်လုပ်မိပြီး ပျက်စီးလာမယ်...

အဲ့ဒီတော့...အရှုံးကို ကြုံရင် စိတ်မညစ်ပဲ...အရှုံးထဲက အမြတ်ထွက်အောင်...
ဒီလိုနောက်တခါမရှုံးစေဖို့ ဘာသင်ခန်းစာယူရမလဲဆိုတာ ရအောင်ရှာပါ
ဘာမဆိုမျှတွေးတတ်အောင် ကျင့်ပါ...သူများကိုလည်း မနာလိုမဖြစ်မိစေနဲ့ပေါ့...
သူ့မှာလည်း...ပျော်စရာချည်းပဲရှိနေမှာမှ မဟုတ်တာဆိုတာကို တွေးတတ်ရင်
ကိုယ်လည်းစိတ်ပင်ပန်းသက်သာတာပေါ့...


အရှုံးဟူသည် ပြီးဆုံးခြင်းမဟုတ်! မနိုင်ခင်တွေ့ကြုံရသော အခြေအနေတခုသာဖြစ်၏! ;)


ဒီ post လေးဖတ်ပြီး...စိတ်ညစ်ပြေကြပါစေ :D (သြဲက အမြဲစိတ်ညစ်စရာတွေပဲရေးရေးနေတတ်တော့...
လာဖတ်တဲ့သူတွေကို အားနာလာလို့ပါ... )