ဒီနေ့ည အစီစဉ်တွေလျှောက်ရှာရင်း King Kong ဆိုတဲ့ကားကိုတွေ့လိုက်မိတယ်...
(လွန်ခဲ့တဲ့ ၄နှစ်တုန်းက စကြည့်ဖူးတဲ့ကားလေး...
သြော်...မှတ်မိသေးတယ်...အဲ့နေ့က...အရမ်းကိုပျော်ခဲ့တာ
ပြန်တွေးလိုက်ရင် ဘာမှမကြာသေးသလိုပါပဲ...)
ကြည့်မယ်ဆိုပြီး ဖွင့်လိုက်တော့ ဇာတ်လမ်းကတော်တော်လေးရောက်နေပြီ...
ဒါပေမဲ့ သိပြီးသားဆိုတော့...ဆက်ကြည့်နေလိုက်တယ်...
အဖေတို့ကိုလည်း "ကောင်းတယ်...ကြည့်" လို့ :P
King Kong ကြီးကို အရမ်းသနားတာပဲ :'(
သူ့ခမျာ ကောင်မလေးကိုတော်တော်ချစ်ရှာတယ်...
လူတွေကလည်း ရက်စက်လိုက်ကြတာ...သူတို့ကိုခွဲဖို့ကြိုးစားကြတယ်...
သဘာဝချင်းမတူပေမဲ့ အချစ်က အချစ်ပါပဲ...
တကယ်ဆိုလူသားချင်းချစ်တဲ့အချစ်ကတောင်မှ...တဏှာစိတ်တွေ တပ်မက်မှုတွေပါနေဦးမယ်
King Kong ကြီးရဲ့အချစ်ကတော့ ဖြူစင်လွန်းပါတယ်...ဒါပေမဲ့လည်း
ဇာတ်သိမ်းကတော့ သြဲစိတ်ကြိုက်မဖြစ်ခဲ့ပါဘူး...
အဲ့ဒါကြောင့် ဇာတ်လမ်းမပြီးခင် (အဖေတို့ရှေ့ ငိုမိမှာစိုးလို့) အောက်ထပ်ကိုဆင်းလာခဲ့တာ...
အဲ့ကားလေးကြည့်ပြီး သြဲတခု စဉ်းစားမိတယ်...
တကယ်တော့ အချစ်ဆိုတာ ပူလောင်တယ်လို့တော့ တပ်အပ်ကြီးပြောလို့မရပါဘူး...
လူတွေရဲ့ လောဘတွေ ရမ္မက်တွေကသာ ပူလောင်မှုကို ဖြစ်စေတာလို့ထင်တယ်
သြဲကတော့ သြဲချစ်တဲ့သူကို...ပိုင်ဆိုင်ဖို့ထက် သစ္စာပဲရှိချင်တော့တယ်...
ချစ်တဲ့သူဘယ်သူမဆို အတူတူနေချင်ကြပေမဲ့...ခွဲခွာရရင် ပိုခံစားရမှာ...
အဲ့တော့ အစထဲက သူမရှိပဲနေနိုင်အောင် ပြင်ဆင်ပြီး သူ့ကိုချစ်နေရတာက ပိုအေးချမ်းမယ်ထင်တာပဲ
တကယ်ချစ်မိလာရင် သူ့ကို စိတ်ထဲမှာပဲ လက်ထပ်ထားလိုက်တော့မယ်...
ရူးကြောင်ကြောင်ဆန်တယ်လို့ ပြောလို့ရပေမဲ့...တကယ်လုပ်ဖို့မလွယ်တဲ့ ကိစ္စတခုမို့ စမ်းကြည့်ချင်သေးတယ်
No comments:
Post a Comment