Wednesday, January 7, 2009

"Lion King"


"Lion King"
**********
Un Film que J'aime le plus
Comme j'aime les dessins animé, je les regarde souvent. Parmi
eux, un dessin animé que je préféré est le Roi Lion. Il est animé
par Walt Disney. Puisqu'il commence avec une chanson, il est
séduisant. Les personnages principaux dans ce film sont le roi
lion(Mufasa), le fils de roi(Simba), le frère de Mufasa(Scar), une
amie de Simba(Nala), un singe(Rafiki), un oiseau(Zazu) et trois
hyènes.

Au début, plusieurs sortes d'animaux sont venus honorer
le bébé lion, Simba, qui était le fils de roi. Simba avait un oncle,
Scar, qui avait beaucoup d'hyènes comme ses disciples. Bien que Mufasa soit un roi juste, Scar était très jaloux de lui et il voulait être
un roi. Donc, il a essaié toujours de tuer Mufasa et Simba. Un jour,
Mufasa a été tué par Scar qui a accusé Simba de la mort. Par conséquent, Simba s'est enfui et a pris Pumbaa et Timon en amitié. Quand il est devenu mûr, il a rencontré encore une fois son amie, Nala. Elle l'a poussé à monter au trône. Donc, il est retourné chez lui et s'est battu avec son oncle avide. Enfin, Simba a gagné dans cette bataille et il est devenu le roi.

L'histoire est si intéressante qu'il n'est pas ennuyeux de
revoir. Le décor de la jungle a été utilisé comme l'arrière-plan
de l'histoire. Il y a quatre chansons thématiques dans ce dessin
animé. En voyant ce film, on a obtenu une leçon que si on fait mal
aux autres, c'est nous qui sommes obligés d'avoir de mauvais
résultats.



P.S. သြဲ မြန်မာပြည်မှာ ပြင်သစ်ကျောင်းတက်တုန်းက ရေးခဲ့တဲ့ essay လေးတပုဒ်ပါ
အတန်းထဲမှာ ပထမအရွေးခံရတဲ့ essay လေးပေါ့ ;) {ကြွားတာ :kwikwi: }
သြဲ အရမ်းကြိုက်တဲ့ "Lion King" ကာတွန်းအကြောင်းလေ :P
ဘာရယ်မဟုတ်ပါဝူး...ပြင်သစ်ကျောင်းကိုသတိရလို့ စိတ်ပြေလက်ပျောက်ပြန်ရေးကြည့်တာပါ... :D
ဖတ်ကြည့်ပေးကြနော်...google translate ရှိတာပဲ :P
ပြီးရင် comment လေးတွေ ;) plz

Tuesday, January 6, 2009

nthg spexial

မပျော်ဝူး...
သြဲမပျော်တာများဆန်းသလားလို့ပြောကြမယ်မလား :D
စိတ်ညစ်တဲ့အကြောင်းပဲရေးနေကျမို့လို့လေ...
ဒါမဲ့...ဒီ၁ခါစိတ်ညစ်တာထက်ကို စိတ်ဓာတ်ကျတာကပိုများနေတယ်...
"အဖေတို့...နားလည်ကြပါ" :( "သမီးကိုနားလည်ပေးပါ" အဲ့ဒါပဲပြောတတ်တယ်
စကားပြောအရမ်းညံ့တယ် သြဲက :'(
လိုချင်တာကိုရအောင်ပြောတဲ့အဆင့်မပြောနဲ့...လက်ရှိအခြေအနေကိုတောင်
မရှင်းပြတတ်ဝူး
အဖေစိတ်တိုလို့အော်လိုက်တိုင်း...တုံ့ပြန်နိုင်တာကမျက်ရည်ပဲရှိတယ်...
ဖြေရှင်းပြချင်ရက်နဲ့...စိတ်လှုပ်ရှားတော့စကားကပိုပြီးရှာမရ...
တကယ်တော့လေ...အဖေနဲ့အမေက သြဲဘ၀ရဲ့အချစ်ဆုံးတွေပါ...
ဘာလုပ်လုပ် သူတို့ကိုအရင်ဆုံးစဉ်းစားတာ...
ဒါတွေသူတို့မသိဝူး...သိအောင်လည်းသြဲအသုံးမကျခဲ့ဝူးလေ :(

ခုတလောအားရင်ငိုနေမိတယ်...{တယောက်ထဲရှိတဲ့အချိန်တွေဆိုရင်ပေါ့လေ}
သြဲလေ...လူရှေ့သူရှေ့မျက်ရည်မကျတတ်ဝူး...{များသောအားဖြင့်} ရှက်လို့ :P
သြဲသူငယ်ချင်းတွေ...သြဲနဲ့သိတဲ့သူတွေဆို...သြဲစိတ်ညစ်နေမှန်းဘယ်တော့မှ
မသိကြ၀ူး
အမြဲတမ်းပြုံးနေ...ပြောင်စပ်စပ်လုပ်နေကြမို့လို့ :-D
သူတို့စိတ်ညစ်တာတွေကိုတောင်...ပြန်ချော့ပေးလိုက်သေးတယ်...ဟဲဟဲ
သူငယ်ချင်းတယောက်ပြောဖူးတယ်...{၆တန်းလောက်တုန်းက}
"နင်ကအမြဲပျော်နေတာပဲနော်" တဲ့...
"နင့်ကိုအားကျတယ်...နင့်လိုနေချင်လိုက်တာ" တဲ့...
အပြုံး၁ချက်ကလွဲလို့...သြဲဘာမှမတုံ့ပြန်ခဲ့ပါဝူး :)
သြဲပြောပြရင်လည်း...ယုံမှာမှမဟုတ်တာ...

တကယ်တော့လေ...
သြဲကိုယ်သြဲလည်းနားမလည်ပါဝူး...
သေချာတာတခုကတော့...လောလောဆယ်...သြဲအရမ်းအားငယ်နေတယ်...
ဘယ်သူမှဘာမှလုပ်မပေးနိုင်ပေမဲ့...ခုလိုရေးချလိုက်ရတော့...သက်သာသွားပီ ;)

Sunday, December 28, 2008

"Fugitive"

ကဲ...ဒီ၁ခါစိတ်ညစ်တာသိပ်မပါတဲ့ဟာရေးမယ်နော် :P
ပြီးခဲ့တဲ့ sunday ကပေါ့...နေ့လည်အိပ်ရင်လည်းဝလာမှာဆိုးလို့
ညနေအထိ chat ရင်းနဲ့တင်းခံနေတာ...ည၉နာရီလောက်ကျတော့မရတော့ဘူး (:|
အဲ့ဒါနဲ့ပဲ TV ရှေ့အိပ်ပျော်သွားလိုက်တာ...နိုးလာတော့...၁၁နာရီကျော်ပြီ...
အဖေကြည့်နေတဲ့ ဘာမှန်းမသိတဲ့ရုပ်ရှင်ကိုအိပ်ချင်မူးတူးနဲ့လိုက်ကြည့်နေတာ...
၁၂နာရီထိုးတော့ ရုပ်ရှင်အသစ်စတယ်...နာမည်က "Fugitive"
ကြာပြီဆိုပေမဲ့...သြဲမကြည့်ဖူးဝူး...အဖေကကောင်းတယ်တဲ့...
အဖေကောင်းတယ်လို့ပြောရင်...သြဲကြိုက်တာများတယ်ဆိုတော့...
လှဲနေရာကနေထတောင်ထိုင်လိုက်သေးတယ်...
မင်းသားကလည်း harrison ford ဆိုတော့ ;) သူကသရုပ်ဆောင်ကောင်းတယ်လေ :D
အားရပါးရစိတ်ဝင်တစားကြည့်မယ်ပေါ့ :kwikwi: အိပ်ရေးကလည်းဝနေပြီဆိုတော့...

ရုပ်ရှင်ကတော့ မိန်းမအသတ်ခံရတဲ့ခွဲစိတ်ဆရာဝန်၁ယောက်က...အစွပ်စွဲခံရလို့
ထွက်ပြေးရင်း...၀ရမ်းပြေးဖြစ်သွားတဲ့အကြောင်းပါ...
မှုခင်းဆန်ဆန် action ကားဆိုတော့...သြဲအကြိုက်ပေါ့...စိတ်ဝင်စားစရာမကောင်းတဲ့အခန်း
လုံးဝမရှိသလောက်ကိုမရှိတာ...
ရုပ်ရှင်ပြီးတော့...မနက်၃နာရီ :P ဒါတောင်မအိပ်ချင်သေးဝူး...အဖေနဲ့မုန့်ထိုင်စားလိုက်သေးတယ်
၁ခါမှအဲ့လောက်ထိမနေဖူးဝူး...မနက်လည်းကျရော...၉နာရီမှာအတင်းနှိုးလို့
ထရတာ...မျက်စိတွေကိုစပ်လို့
anyway,that's not my point :D ချော်ကုန်ပြီ
အဲ့ရုပ်ရှင်ကြည့်နေကထဲက...blog မှာပြန်ရေးမယ်ဆိုပြီး...စိတ်ကူးနေတာ...ခုမှပဲရေးဖြစ်တယ်...
ရုပ်ရှင်ကကြည့်လို့ကောင်းတဲ့အပြင်...(သြဲအတွက်တော့)သင်ခန်းစာတွေများကြီးရလိုက်တယ်...

*မင်းသားက သူ့မိန်းမကိုအရမ်းချစ်ပေမဲ့...ဆုံးရှုံးလိုက်ရတဲ့အပြင်
သူ့ကိုပါတရားခံလို့စွပ်စွဲခံရတယ်...ဒီ့ထက်ဆိုးတဲ့အဖြစ်ဘယ်ရှိပါဦးမလဲနော်
ဒါမဲ့...သူစိတ်ဓါတ်မကျခဲ့ဝူး...သူ့ရဲ့အသိပညာတွေ...ဖြတ်ထိုးဥာဏ်တွေကို
လိုအပ်သလိုအသုံးချပြီး...လူသတ်သမားအစစ်ကိုဖော်ထုတ်ခဲ့တယ်...

*၀ရမ်းပြေးဆိုတော့ရုပ်ဖျက်ထားရပေမဲ့...ခွဲစိတ်ဆရာဝန်၁ယောက်အနေနဲ့
သူ့ရုပ်ဇာတိအမှန်ပေၞမှာကိုမစိုးရိမ်ပဲ...ကယ်လို့ရတဲ့သူတွေကိုကယ်ခဲ့တယ်...

*သူ့မှာအရမ်းရင်းနှီးတဲ့သူငယ်ချင်းခွဲစိတ်ဆရာဝန်နောက်၁ယောက်လည်းရှိသေး
တယ်...
စစချင်းတော့...အဲ့လူကသူ့ကိုတော်တော်ကာကွယ်ပေးတယ်ပေါ့လေ
တော်တော်ကောင်းတဲ့သူငယ်ချင်းပဲပေါ့<<<အဲ့လိုထင်နေတာ...သြဲက
နောက်တော့မှသိလိုက်ရတာ...လူသတ်သမားနဲ့သူကသိနေပြီးတော့...
မင်းသားကိုတရားခံဖြစ်အောင်လုပ်တာ...သူဖြစ်နေတယ်...
တကယ်တော့...အရမ်းခင်တဲ့သူငယ်ချင်းအချင်းချင်းဒီလိုမလုပ်သင့်ပါဝူး :(
ပြီးတော့...သူကိုယ်တိုင်ကဆရာဝန်...
"ဆရာဝန်ဆိုတာ...လူတွေရဲ့အသက်ကိုကယ်ဖို့ဖြစ်ရမှာ..."

အဲ့ကားကိုကြည့်ပြီးတော့...
ဘယ်လိုအခက်ခဲကြုံကြုံစိတ်ဓါတ်မကျပဲ...ကိုယ့်ရည်မှန်းချက်ပြည့်အောင်
ကြိုးစားဖို့ရယ်
ကိုယ်တတ်ထားတဲ့ပညာနဲ့...ကိုယ်နိုင်သလောက်လူတွေကိုကူညီဖို့ရယ်
{အခင်ဆုံး/အချစ်ဆုံးသူငယ်ချင်းဖြစ်နေပါစေ}ဘယ်သူ့ကိုမှလွယ်လွယ်နဲ့မယုံဖို့ရယ်
သြဲကတော့အဲ့လိုတွေးမိတယ်...ကိုယ့်လက်ရှိအခြေနေနဲ့တူနေလို့လားတော့မသိဝူး :)

P.S. ဒီ post အရှည်ဆုံးပဲ...ရေးထားသမျှထဲမှာ :kwikwi:




Wednesday, December 24, 2008

My bad day!



today, TODAY is my BAD DAY!!!
whewwwww...
i hate winter...i officially hate it...i really really x100000
hate it.
The reason i hate winter is the white thingy, called "SNOW".
it was xo xo xo xo busy at work and i was exhausted enough...
GRRRRRR!!!
my energy was almost gone...but still i had to walk to
the bus stop,which doesnt have seat and roof... :(
and the path was covered with snow which is accumulated
as hills...
himm...so...i walked to other bus stop,where i could see pathway,
but still covered with snow and waited in the blowing snow for the
bus for over 20 minutes...
during that time, i called home to talk to my mom...
i thought that can make my waiting time went fast...
but unfortunately, nobody's @ home... :'(
felt like i'm a lost child
my fingers,my cheek,my feet...were terribly numb.
Finally, the bus arrived...yes! yes! yes!
on the way back home...walking...i was thinking that "now i'm almost where i want to be...almost there...
if i gave up...i wont be there EVER EVER EVER..."

so,I decided that i'll never give up on any situation...even though
that situation makes me think i have no hope...
i think that thought is only one GOOD THING i received today among xoo xoo many BAD THINGS!

P.S. that may not make sense for others,but that's how i understand my life... :)
feel free to leave comments, ppl :D

Thursday, December 18, 2008

abt a gal

ငါသိပ်ချစ်တဲ့ကောင်မလေး...
နင်အရမ်းပြောင်းလဲသွားပီနော်...
ငါမျက်ရည်ကျရတဲ့အထိ...နင့်ပြောင်းလဲခြင်းကြီးကခါးတယ်ဟာ
ငါပျော်နေရမဲ့အချိန်မှာ...နင့်ဥပေက္ခာတွေကြောင့်ငါမပြုံးနိုင်ဝူး :(
ငါ...ဘယ်အရာနဲ့မှ နင့်ကိုမချည်နှောင်တော့ပါဝူးဟာ...
ချည်နှောင်ခွင့်လည်းမရှိပါဝူး...
နင်မကြိုက်တာတွေ...ငါအများကြီးပြင်ခဲ့တယ်...နင်သိမှာပါ
ဒါမဲ့ အခုအချိန်မှာ...နင့်အတွက်ဒါတွေကအရေးမကြီးတော့ပါဝူး
စိတ်အရမ်းကောက်တတ်တဲ့ကောင်မလေး...လုံးဝပြောင်းလဲသွားတာ
နင့်ကြောင့်...နင်၁ယောက်ထဲကြောင့်ပါ...
နင်ဒေါသထွက်မှာစိုးရိမ်တဲ့စိတ်၁ခုထဲနဲ့...ငါ့ကိုယ်ငါ...
သဘာဝလိုဖြစ်နေတဲ့ငါ့အကျင့်တွေကိုငါ...ပြင်ခဲ့တာဟ
ဘယ်လိုအချစ်မျိုးပဲဖြစ်ဖြစ်...မျှော်လင့်ချက်ထားမိရင်...
ကိုယ်ပဲခံစားရမယ်ဆိုတာလည်း ငါသိပါတယ်
ဒါမဲ့ဟာ...
နင့်ဆီက ကောင်းတဲ့တုံ့ပြန်မှုကိုမမျှော်လင့်မိရင်တောင်
ဆိုးရွားတဲ့တုံ့ပြန်မှုတွေကိုတော့...ငါမလိုချင်ဝူး

ဘာပဲဖြစ်ဖြစ်...နင်ပျော်ရွှင်ပါစေ

Sunday, December 7, 2008

nthg spexial

ငါစိတ်ညစ်လာပြန်ပြီဟာ...
စိတ်ညစ်မှပဲ ငါလည်းရောက်ဖြစ်တယ်...
ပြဿနာတွေ...ငါမရှာဘူးနော်...မရှာပါဘူး...တကယ်
ပြဿနာတွေက ငါ့ကိုလာလာရှာကြတယ်...
ကြောက်တောင်ကြောက်လာပြီ...အသက်ရှင်ရမှာကြီးကို
လူတွေကိုငါခင်တတ်ပါတယ်...အကြာကြီးလည်းစိတ်မဆိုးတတ်ဝူး
အဲ့ဒါကို ဘာဖစ်နေကြတာလဲမသိဘူး...
သိပ်ကိုအနိုင်ကျင့်လွန်းနေကြသလိုပဲ :-<
အရမ်းဝမ်းနည်းတယ်...စိတ်မကောင်းဘူး...
ငါ့ကိုယ်ငါလည်းအရမ်းသနားတယ်...
ဘာလို့လဲဆိုတော့...ငါဘယ်လိုခံစားနေရတယ်ဆိုတာ
ငါကလွဲလို့ သိတဲ့သူမရှိလို့ :(
ငါ့နားမှာ ဘယ်သူမှမရှိဝူးဆိုတာသိပါတယ်...
ဒါမဲ့ ငါမျှော်လင့်မိနေတယ်...ငါအားငယ်နေတဲ့အချိန်မှာပေါ့
သူငယ်ချင်းဖြစ်ဖြစ် ၁ယောက်လောက်အနားမှာရှိနေပေးရင်ကောင်းမယ်လို့
၁ချိန်ထဲမှာပဲ ဘယ်သူကိုမှအားမကိုးပဲနေတတ်အောင်လည်းငါကြိုးစားနေပါတယ်...

P.S. ဒီ blog က...သြဲရင်ဖွင့်ဖို့သက်သက်နေရာလိုဖြစ်နေတဲ့အတွက်
အလည်လာတဲ့သူတွေကို တောင်းပန်ပါတယ်...

Tuesday, December 2, 2008

သြဲကမ္ဘာ

ဘာမဆို ရင်ဘတ်စစ်စစ်နဲ့...အတွင်းနစ်နစ်
ခံစားတတ်တဲ့ငါ့အတွက်တော့...
မာယာများတဲ့ လောကကြီးက...နာကျင်စရာတွေချည်းပါလား

ရက်စက်တယ် <<< အဲ့လိုပြောရမှာလား
စော်ကားတယ် <<< ဒီလိုလား
မတရားဘူး <<< ဒါမျိုးလား
မသိတော့ပါဘူး :-<

သေချာတာကတော့ ငါရှုံးနေပြီ...ပက်ပက်စက်စက်
အပြတ်အသတ်ကို ရှုံးနေပြီ...
သီချင်းရှိတယ်...စာသားက
"ဒဏ်ရာတွေများများများများလွန်းတော့...
မနာကျင်တော့သူ" တဲ့...ငါကျတော့ နာနေတုန်းပဲ... ???
စူးနစ်နေအောင်ကိုနာတာ...
final နီးမှပဲ...ဘာလို့ဒီလောက်စိတ်ညစ်စရာတွေစုပြုံနေတာလဲမသိဝူး

ဟူး!

သက်ပြင်းနဲ့အတူမှုတ်ထုတ်လိုက်တဲ့လေထဲမှာ...
စိတ်ညစ်စရာတွေပါသွားရင်ကောင်းမယ်
ပူဆွေးမှုနဲ့အတူကျလာတဲ့မျက်ရည်တွေထဲမှာ...
နာကျင်စရာတွေပါသွားရင်ကောင်းမယ်
နာကျည်းမှုနဲ့အတူဖောက်ထုတ်ပစ်လိုက်တဲ့သွေးတွေထဲမှာ...
ရင်နာစရာတွေပါသွားရင်ကောင်းမယ်

ကဲပါလေ...ဘာပဲဖြစ်ဖြစ်...အဖေနဲ့အမေ့အတွက်...ငါရှင်သန်နေရဦးမှာပါပဲ...
ဆုတောင်းတိုင်းလည်းဘယ်တော့မှမပြည့်တတ်တော့...ဘာလုပ်ရမှန်းမသိဝူး...
၁ခုလောက်တော့ ပြည့်မယ်ဆိုရင်တောင်းချင်တယ်...
တောင်းနေကျပေမဲ့...မပြည့်ဖူးတဲ့ဆုလေးပေါ့ :)
လူတွေ...ငါ့ကိုနားလည်နိုင်ကြပါစေလို့... :)

နည်းနည်းတော့သက်သာသွားတယ်...အခန်းလေးရယ်...
သြဲပြောချင်တာတွေကို...နားထောင်ပေးလို့ကျေးဇူး

Saturday, November 29, 2008

အချစ်နှင့်လေးရာသီ

နွေဦး...
ငါနဲ့နင်ပျော်မြူး
မချစ်စဖူးအချစ်ထူးလို့
စိတ်ကူးတွေယဉ်ခဲ့ကြတယ်...

နွေ...
ပြောင်းလဲလာတဲ့အခြေအနေ
အပေအတေဆန်တဲ့နှလုံးသားနဲ့
တွေဝေလာခဲ့ကြတယ်...

ဆောင်းဦး...
အမုန်းတွေကြားမှာလွန့်လူး
နင့်ဥပေက္ခာတွေနဲ့
အရူး၁ပိုင်းဖြစ်ခဲ့ရတယ်...

ဆောင်း...
ငါနဲ့နင်ပြန်ဆုံချိန်နှောင်း
အတိတ်တွေဟောင်းလို့
ကံကောင်းခြင်းမှဝေးခဲ့ရတယ်...

ချစ်ခြင်း၏အခြားမဲ့၌

မင်းကအပြီးသတ်ချင်ပေမယ့်
ငါကခရီးဆက်ချင်သေးတယ်...
မင်းကမုန်းဇာတ်လိုချင်ပေမယ့်
ငါကပြုံးလျက်ငိုနေတယ်...
မင်းကမလွမ်းရတော့ပေမဲ့
ငါကတမ်းတဆဲပါ...
မင်းကဖယ်ခွာလိုပေမဲ့
ငါကတွယ်တာချင်သေးတယ်...
************************
ခါးတယ်...ငါကြိတ်မှိတ်မျိုလိုက်မယ်
ညာတယ်...ငါကြိတ်မှိတ်ယုံလိုက်မယ်
ကျီစားတယ်...ငါကြိတ်မှိတ်ခံလိုက်မယ်
နောက်ဆုံးမှာ...
ထားသွားတယ်...ငါကြိတ်မှိတ်ပြီးတိတ်တိတ်ငိုနေတယ်...

ကဗျာမပီစာမပီ

ကူကယ်မဲ့သူမရှိ
ဒဏ်ရာများစွာအတိ
ချစ်တဲ့သူလည်းမသိ
ငါဟာလဲပြိုပြီ...
***************
သာနေတာကလမင်း
ရှာနေတာကအလင်း
မင်းတန်ဖိုးမထားတဲ့အခါ
ကံဆိုးသွားတဲ့ငါ...
***************
ပြင်းပြတဲ့ဆန္ဒ...ငြင်းပယ်တာမရ
အကျဉ်းကျတဲ့ဘ၀...မင်းကယ်ပါမှ
***************
ဒီဟာလေးတွေက သြဲပထမဆုံးစရေးဖြစ်တဲ့ ကဗျာ(သို့)စာပိုဒ်တိုလေးတွေပါ :)

Thursday, November 27, 2008

နင်နဲ့ငါ

...ခြောက်ကပ်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး စိုပြေစေခဲ့တယ်...
ခုချိန်မှာတော့...ရွှဲစိုနေခဲ့ပြီ...ငါ့မျက်လုံးတွေပေါ့

...အေးစက်နေတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နွေးထွေးစေခဲ့တယ်...
ခုချိန်မှာတော့...ပူလောင်နေခဲ့ပြီ...ငါ့ရင်တွေပေါ့

...ကြမ်းတမ်းတဲ့ငါ့ဘဝ
နင်ရောက်လာပြီး နူးညံ့စေခဲ့တယ်...
ခုချိန်မှာတော့...အထိမခံနိုင်လောက်အောင်ဖြစ်နေခဲ့ပြီ...ငါ့စိတ်ဓါတ်တွေပေါ့

...ငါ့မျက်ရည်တွေခြောက်သွေ့ဖို့
...ငါ့ရင်တွေအေးမြဖို့
...ငါ့စိတ်ဓါတ်တွေခိုင်မာဖို့
နင်ရောက်လာပါဦးလား....

ဒီနေ့ချရေးဖစ်တဲ့ ကဗျာလေး၁ပုဒ်ပေါ့...
သြဲရင်ဖွင့်နေကျ အခန်းလေးရေ...သြဲကိုနားလည်ပါဦး...
နှစ်သိမ့်ပေးပါဦး...အားပေးပါဦးနော်... :'(

Tuesday, November 25, 2008

nthg spexial

မလာတာကြာပြီ...ခုရောက်လာတယ်...
ဘာရယ်မဟုတ်ဘူး...ရင်လာဖွင့်တာပါ...မွန်းတယ်...မောတယ်...ဟူးးး!
ရင်လာဖွင့်တယ်ဆိုပေမဲ့...ဘာပြောရမှန်းတောင်မသိပါဘူး...စိတ်ရှုပ်လွန်းလို့
စာ!စာ!စာ!...စိတ်ညစ်နေပါတယ်ဆိုမှ...assignment ကခက်လိုက်တာ...
သြော်...ဒီနေ့ငါတော်တော်ကံဆိုးနေတယ်...အပြုံလိုက်ကိုစုပြီးလာကြတယ်
စိတ်ညစ်စရာတွေ... :-<
final ကလည်းနီးလာပြီ...ခေါင်းထဲမှာစာ ရှိလား ? အဖြေက "NO"
သေချင်တယ်...နောင်တကလည်းရကိုမရနိုင်ဘူး...စိတ်တွေလေနေတယ်...
ဗြဲ :'( အဲ့လိုငိုတော့ရောဘာလုပ်လို့ရမှာလဲ ??? စိတ်တော့ခဏသက်သာမယ်ထင်တာပဲ...
လူမှုရေးတွေ...၁ခြားအကြောင်းရာတွေကလည်း ပွေလီနေတာပဲ... x-(
ငါတကယ် cranky ဖြစ်နေပြီ...အားနေစိတ်တိုနေတယ်...ရန်သူတွေလည်းများလာပီ
anyway, နည်းနည်းသက်သာသွားပြီ...ရင်ဖွင့်လိုက်ရလို့...
လာဖတ်တဲ့သူတွေအတွက်တော့...ဒီစာက
မုန်တိုင်းထိထားတဲ့စာစီစာကုံး၁ပုဒ်ပေါ့ :D
လောလောဆယ်တော့...မပြီးသေးတဲ့ assignment အတွက်ရင်လေးရင်း
အိပ်တော့မယ် *!*