မပျော်ဝူး...
သြဲမပျော်တာများဆန်းသလားလို့ပြောကြမယ်မလား :D
စိတ်ညစ်တဲ့အကြောင်းပဲရေးနေကျမို့လို့လေ...
ဒါမဲ့...ဒီ၁ခါစိတ်ညစ်တာထက်ကို စိတ်ဓာတ်ကျတာကပိုများနေတယ်...
"အဖေတို့...နားလည်ကြပါ" :( "သမီးကိုနားလည်ပေးပါ" အဲ့ဒါပဲပြောတတ်တယ်
စကားပြောအရမ်းညံ့တယ် သြဲက :'(
လိုချင်တာကိုရအောင်ပြောတဲ့အဆင့်မပြောနဲ့...လက်ရှိအခြေအနေကိုတောင်
မရှင်းပြတတ်ဝူး
အဖေစိတ်တိုလို့အော်လိုက်တိုင်း...တုံ့ပြန်နိုင်တာကမျက်ရည်ပဲရှိတယ်...
ဖြေရှင်းပြချင်ရက်နဲ့...စိတ်လှုပ်ရှားတော့စကားကပိုပြီးရှာမရ...
တကယ်တော့လေ...အဖေနဲ့အမေက သြဲဘ၀ရဲ့အချစ်ဆုံးတွေပါ...
ဘာလုပ်လုပ် သူတို့ကိုအရင်ဆုံးစဉ်းစားတာ...
ဒါတွေသူတို့မသိဝူး...သိအောင်လည်းသြဲအသုံးမကျခဲ့ဝူးလေ :(
ခုတလောအားရင်ငိုနေမိတယ်...{တယောက်ထဲရှိတဲ့အချိန်တွေဆိုရင်ပေါ့လေ}
သြဲလေ...လူရှေ့သူရှေ့မျက်ရည်မကျတတ်ဝူး...{များသောအားဖြင့်} ရှက်လို့ :P
သြဲသူငယ်ချင်းတွေ...သြဲနဲ့သိတဲ့သူတွေဆို...သြဲစိတ်ညစ်နေမှန်းဘယ်တော့မှ
မသိကြ၀ူး
အမြဲတမ်းပြုံးနေ...ပြောင်စပ်စပ်လုပ်နေကြမို့လို့ :-D
သူတို့စိတ်ညစ်တာတွေကိုတောင်...ပြန်ချော့ပေးလိုက်သေးတယ်...ဟဲဟဲ
သူငယ်ချင်းတယောက်ပြောဖူးတယ်...{၆တန်းလောက်တုန်းက}
"နင်ကအမြဲပျော်နေတာပဲနော်" တဲ့...
"နင့်ကိုအားကျတယ်...နင့်လိုနေချင်လိုက်တာ" တဲ့...
အပြုံး၁ချက်ကလွဲလို့...သြဲဘာမှမတုံ့ပြန်ခဲ့ပါဝူး :)
သြဲပြောပြရင်လည်း...ယုံမှာမှမဟုတ်တာ...
တကယ်တော့လေ...
သြဲကိုယ်သြဲလည်းနားမလည်ပါဝူး...
သေချာတာတခုကတော့...လောလောဆယ်...သြဲအရမ်းအားငယ်နေတယ်...
ဘယ်သူမှဘာမှလုပ်မပေးနိုင်ပေမဲ့...ခုလိုရေးချလိုက်ရတော့...သက်သာသွားပီ ;)
No comments:
Post a Comment