ငါသိပ်ချစ်တဲ့ကောင်မလေး...
နင်အရမ်းပြောင်းလဲသွားပီနော်...
ငါမျက်ရည်ကျရတဲ့အထိ...နင့်ပြောင်းလဲခြင်းကြီးကခါးတယ်ဟာ
ငါပျော်နေရမဲ့အချိန်မှာ...နင့်ဥပေက္ခာတွေကြောင့်ငါမပြုံးနိုင်ဝူး :(
ငါ...ဘယ်အရာနဲ့မှ နင့်ကိုမချည်နှောင်တော့ပါဝူးဟာ...
ချည်နှောင်ခွင့်လည်းမရှိပါဝူး...
နင်မကြိုက်တာတွေ...ငါအများကြီးပြင်ခဲ့တယ်...နင်သိမှာပါ
ဒါမဲ့ အခုအချိန်မှာ...နင့်အတွက်ဒါတွေကအရေးမကြီးတော့ပါဝူး
စိတ်အရမ်းကောက်တတ်တဲ့ကောင်မလေး...လုံးဝပြောင်းလဲသွားတာ
နင့်ကြောင့်...နင်၁ယောက်ထဲကြောင့်ပါ...
နင်ဒေါသထွက်မှာစိုးရိမ်တဲ့စိတ်၁ခုထဲနဲ့...ငါ့ကိုယ်ငါ...
သဘာဝလိုဖြစ်နေတဲ့ငါ့အကျင့်တွေကိုငါ...ပြင်ခဲ့တာဟ
ဘယ်လိုအချစ်မျိုးပဲဖြစ်ဖြစ်...မျှော်လင့်ချက်ထားမိရင်...
ကိုယ်ပဲခံစားရမယ်ဆိုတာလည်း ငါသိပါတယ်
ဒါမဲ့ဟာ...
နင့်ဆီက ကောင်းတဲ့တုံ့ပြန်မှုကိုမမျှော်လင့်မိရင်တောင်
ဆိုးရွားတဲ့တုံ့ပြန်မှုတွေကိုတော့...ငါမလိုချင်ဝူး
ဘာပဲဖြစ်ဖြစ်...နင်ပျော်ရွှင်ပါစေ
3 comments:
:sorri:
hahahaha.... Now I can see the fonts ... :kwi-kwi: is this post for me? :sorry: I'm so sorry, gal. I wasn't happy at all, either. I'm so so so so so incredibly sorry, gal. I know u changed so many things for me. :jitz: Luv u like heaven. :jitz:
=(( နင် ဘာကြောင့် ပြောင်းလဲသွားမှန်း မသိပေမယ့် ပြောင်းလဲသွားတာတော့ သတိထားမိတယ်ဟ။ Anyway, everything is settled now. ;D Good Luck for everything!
Post a Comment