Showing posts with label 2ndYr. Show all posts
Showing posts with label 2ndYr. Show all posts

Wednesday, October 8, 2008

ကျွန်ုပ်မုန်းသောအင်္ဂါနေ့များ...

မုန်းတယ်...မုန်းတယ်...မုန်းတာမှအရမ်းဘဲ... :((
ဒီအင်္ဂါနေ့တွေ...ရစ်လို့ရရင်ရစ်ပစ်လိုက်...ကျော်ပစ်လိုက်ချင်တယ်... >< မုန်းပါတယ်ဆိုတဲ့ lab ကြီးက ၂ချိန်ဆက်တိုက်... :( ပြီးတော့တော်တန်ရုံမဟုတ်ဝူး...၁ခုက၃နာရီ...၁ခုက၄နာရီ... ကြားက break က ၁နာရီ...နေ့လည်ကစားရသေးတယ်... >< အဲ့လောက်မုန်းစရာကောင်းတဲ့ ကြားက...ဒီနေ့အင်္ဂါကတော့ရှယ်... နက်ဖြန်စာမေးပွဲ... :(( ကျက်ရမယ့်စာက...ကမ္ဘာလောက်ရှိတယ်... စောစောပြန်ချင်ပါတယ်ဆိုမှ...ဆေးပုလင်းမှားဖွင့်တာနဲ့...အပ်ကမတော်တာနဲ့... ဆေးကမပျော်တာနဲ့...ငါနော်...ဒေါသကထွက်ပေမဲ့...ဘာမှလုပ်မရ၀ူး... ဟင်းးးးးးးးးဟင်းးးးးးးးးးးဟင်းးးးးးးးးးးးးးးးးးးးးးးးးး ပြီးတော့...အိမ်ပြန်ဖို့ bus stop ကိုအလာ...bus ကထွက်သွားတယ်.... >< မုန်းတယ်...မုန်းတယ်...ဒီ semester က အင်္ဂါနေ့တိုင်းကိုမုန်းတယ်... အထူးသဖြင့်ဒီနေ့ကိုအမုန်းဆုံး!!!...

Tuesday, October 7, 2008

Respect...

ဒီနေ့တွေ့ခဲ့ရတဲ့အဖြစ်ပျက်လေး၁ခုပေါ့...
ကျောင်းကနေအိမ်ကိုအပြန်...bus ကားမှတ်တိုင်ကနေလမ်းလျှောက်လာတုန်း...
လမ်းမှာ ကောင်မလေး၁ယောက် ခွေးလေးနဲ့...လမ်းလျှောက်လာတယ်...
လူသွားလမ်းလေးကကျဉ်းကျဉ်းလေးရယ်...
၁ယောက်ယောက်ကဘေးဆင်းပေးရတော့မယ်...
သူ့မှာကလည်းခွေးနဲ့...ပိုဆိုးတာက...သြဲကခွေးအရမ်းကြောက်တတ်တယ် :D
ရှေ့ဆက်ရမှာတွန့်နေတုန်း...သူက ခွေးကိုsitတဲ့...ခွေးကလည်းချက်ချင်းထိုင်လိုက်တယ်ဘေးမှာ
ခွေးလေးကအဲ့လိုထိုင်လိုက်တော့...ကောင်မလေးက thanx တဲ့ခွေးကို...
အဲ့မှာသြဲလဲကျေးဇူးတင်ပြီး...ဆက်လျှောက်ခဲ့တယ်...
၁မျိုးလေးဘဲခံစားလိုက်ရတယ်... :) ကြည်နူးသလိုလိုဘာလိုလိုနဲ့
ခွေးပိုင်ရှင်ကောင်မလေးကိုလည်း သဘောကျတယ်...
ခွေးဆိုပေမဲ့...သူခိုင်းတာကိုလုပ်တဲ့အတွက် respect ပေးတယ်...
ခွေးတွေသခင်စကားနားထောင်တာဟာ...ဖြစ်ရပ်ဆန်းမဟုတ်ပေမဲ့...
သခင်ကသူတို့ခိုင်းတာလုပ်တဲ့အတွက်...ကျေးဇူးတင်တာကိုတော့...
ဒီနေ့ပထမဆုံးမြင်ဖူးတာဘဲ :)